💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၄)
"နှောင်း..... အိမ်ပြန်မလို့လား..."
အရှေ့ကနေ ကာစီးကာစီးဖြင့် သူမအား မေးခွန်းထုတ်နေသော နေမျိုးအား များစွာ စိတ်ပျက်မိသည်။ နှောင်း ကျောင်းဝန်းထဲက ခုံလေးမှာ ကျူးအား ထိုင်စောင့်နေတာ တစ်နာရီခွဲကျော်ကျော်လောက်ပင် ရှိတော့မည်။ ကျူး နေ့လည်ကတည်းက ကျောင်းမတက်ပဲ အပြင်ထွက်သွားတာ အိမ်ပြန်မယ့် အချိန်ထိ ပြန်ပေါ်မလာသေး။ ကျောင်းဝန်းထဲမှာလည်း ပြန်သူက ပြန်ကြပြီမို့ ကျောင်းသူကျောင်းသား အချို့ပင် ကျန်တော့သည်။ ငြီးငွေ့စွာ ထိုင်နေရတဲ့ထဲ နေမျိုးဆိုသူက ရောက်လာတော့ ရန်ရှာမလားဟူသည့် အတွေးဖြင့် စိုးထိတ်နေရသေးသည်။
"နှောင်း.... ကိုယ်အိမ်ပြန်ပို့ပေး ရမလား"
"ရတယ်....ရတယ် ကိုယ့်ဘာသာပဲ ပြန်လိုက်နော်...."
နေမျိုးက သူမဘေး ဝင်ထိုင်တော့ နှောင်း သူမရှိသည့်ဘက်သို့ ကိုယ်လေး ရွှေ့လိုက်သည်။
"နှောင်းကို တစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး...."
"ငါ့ကိုဘာလို့ လိုက်နှောင့်ယှက်နေတာလဲ.... ဟိုနေ့ကအတွက် လျော်ကြေးပြန် လိုချင်လို့လား...."
"နှောင်းကလည်းကွာ... ကိုယ်က လျော်ကြေး လိုချင်တာမဟုတ်ဘူး.... နှောင်းရဲ့အချစ်ပဲ လိုချင်တာ...."
နှောင်း သူ့အား အမြင်ကပ်ကပ်ဖြင့် မျက်စောင်းထိုး၍ အိတ်ကလေးကို ပိုက်ထားလိုက်သည်။ ကျူးလာမယ့် လမ်းဆီသို့ လှမ်းမျှော်ကြည့်သော်လည်း အရိပ်အယောင်မျှပင် မတွေ့ရ။
"ခဏနေ ကျူးလာတော့မှာ... ဟိုတစ်ခါလို ထပ်ပြီး ခေါင်းကွဲချင်လို့လား...."
"ဟား...."
နေမျိုး လှောင်သလို အားပါတရ ရယ်လိုက်ရင်း နှောင်းအနား တိုးထိုင်လိုက်သည်။
"သူ့ကို ကြောက်မယ် ထင်နေလား.... လာခဲ့စမ်းပါစေ...."
"ဟူး...."
နှောင်း သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ထသွားမည်အလုပ် နေမျိုးပါ လိုက်ထပြီး နှောင်းလက်အား ဆက်ခနဲဆွဲကာ....
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romantik💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...