💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၃)"အဲ့ဒီမိန်းမတစ်ယောက်ဆိုတာ ငါ့အစ်မ မမတွယ်တာပဲ"
ကျူး၏စကားသံ အဆုံးမှာပင် ခံစားချက် အမျိုးမျိုးတို့ ဝင်ရောက်လာကာ ဘာစကားမှ ဆက်မဆိုနိုင်အောင် ခေတ္တ နှုတ်ဆိတ်သွားရသည်။
မမတွယ်တာဟု ခေါ်သည့် ကျူး၏ အစ်မဝမ်းကွဲနှင့် ငယ်စဉ်က အတူ ကစားခဲ့ဖူးသည်မို့ နှောင်းနှင့်လည်း စိမ်းသူ မဟုတ်ပါချေ။
"သိပ်အံ့ဩသွားလား နှောင်း... ဒါကြောင့် နင့်ကိုမနာကျင်စေချင်ဘူးလို့ ပြောတာ..."
"မမတွယ်တာနဲ့ဆိုတာ နင်ဘာကိုကြည့်ပြီး ပြောနိုင်တာလဲ...."
"ငါ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တော့ စွမ်းနဲ့ မမတွယ်တာကို ငါကိုယ်တိုင် တွေ့ခဲ့ရတာ... အဲ့ဒီတုန်းကတော့ ငါသေချာ မသိပေမယ့် မေမေတို့က မမတွယ်တာ တိတ်တိတ်လေး လက်ထပ်လိုက်ပြီဆိုတဲ့သတင်း ကြားမှသာ စွမ်းနဲ့ဆိုတာ သေချာသွားတာ..."
နှောင်း သက်ပြင်းလေးချကာ အကြွင်းမဲ့ယုံသည် မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိသည့်ဘက်ကို တွေးကြည့်ကာ ပူလောင်လွန်းလှသည့် ခံစားချက်တွေက နှောင်းအား ဖိတ်ခေါ်နေခဲ့သည်။
------------ --------------"သားရေ ပြီးပြီလား... နှောင်တို့စောင့်နေတာ့မယ် သားရဲ့..."
အခန်းတံခါး အပြင်ကနေ မေမေ့၏ ကြည်လင်သောအသံကို ကြားရတော့ စွမ်း တံခါးဖွင့်လာခဲ့သည်။
"လာပါပြီမေမေ...."
ကျောင်းပိတ်ရက်မို့ နှောင်းနှင့် ဒေါ်လေးက ထမင်းစားဖိတ်ထား၍ မေမေက တက်ကြွနေခဲ့သည်။ မေမေ့စိတ်ထဲမှာ နှောင်းက သားအတွက် အသင့်တော်ဆုံး အမျိုးသမီးလေးအဖြစ် သတ်မှတ်ထားတော့ နှောင်းနှင့် ပတ်သတ်လာလျှင် မေမေ့အပြုံးတွေ ပိုမိုတောက်ပနေခဲ့သည်။
စွမ်းက မောင်းသူနေရာ၌ထိုင်၍ မေမေက သူ့ဘေး၌ ပါလာခဲ့သည်။ တစ်လမ်းလုံးလည်း နှောင်း၏ နူးညံ့သိမ်မွေ့မှုတွေကို စီကာပတ်ကုံး ပြောလာကာ စွမ်းပင် တဝကြီး နားထောင်၍ မောင်းလာခဲ့ရသည်။
![](https://img.wattpad.com/cover/340112486-288-k342700.jpg)
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Lãng mạn💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...