💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၂)
ကျူး အိမ်ထဲသို့ အရိပ်အကဲကြည့်ကာ ခပ်ဖွဖွခြေလှမ်းတွေဖြင့် ဝင်လာခဲ့သော်လည်း ဖေဖေနှင့် မေမေက ဧည့်ခန်းတွင် စောင့်ကြိုနေသကဲ့သို့...။
"ကျူးရင့်မေ.... လာစမ်းပါဦး"
မေမေ့ခေါ်သံကြောင့် ခေါင်းလေးကုတ်ကာ ဖေဖေ့အနားတွင် အသာလေး ထိုင်လိုက်သည်။
"ဘယ်တွေသွားနေတာလဲ... တစ်ညလုံးလဲ ပြန်မလာဘူး... ငါတို့မှာ ဘယ်မှာ လိုက်ရှာလို့ ရှာရမှန်းမသိဘူး"
"ဟို.... ကျူး... ညက သူငယ်ချင်းအိမ်မှာ အိပ်ပျော်သွားလို့ပါ"
"အိပ်မယ်ဆိုလည်း ဖုန်းလေးဘာလေးဆက်လေ... မိဘတွေစိတ်ပူအောင် သိပ်လုပ်တယ်"
"ကျူး တောင်းပန်ပါတယ် မေမေ.... နောက်တစ်ခါ မဖြစ်စေရပါဘူး"
"ပြောလိုက်ရင် မဖြစ်စေရဘူး.... မဖြစ်စေရဘူးနဲ့ ကြပ်ကြပ်သတိထား"
မေမေက ကျူး နားထင်လေးကို လက်ညှိုးနှင့် အသာတွန်းကာ ပြောလိုက်တော့ ကျူး ခေါင်းလေးရွေ့သွားရသည်။
"မင်းကလည်းကွာ.... သမီးက တောင်းပန်နေပြီပဲကို... မဆူတော့ပါနဲ့ကွာ..."
ဖေဖေက မေမေ့အားကြည့်လျက် ကျူးခေါင်းလေးအား ခပ်ဖွဖွပုတ်ကာ ဝင်ပြောလိုက်သည်။
"မဆူလို့ ရမလား... ရှင့်သမီး လုပ်ပုံကိုကြည့်လေ.... ညက ဘီယာတွေ သောက်ပြီး ပြန်မလာနိုင်တာ ဖြစ်မှာပေါ့... ဟုတ်တယ်မလား မိကျူး"
"ဟို....အဲ့ဒါက...."
ကျူး စကားတွေ ရှာမရတော့ မေမေက ခါးထောက်လျက် နှုတ်ခမ်းမဲ့ကာ ကြည့်လိုက်သည်။
" ညည်းကို ငါမွေးထားတာပါအေ... ငါ့ကိုမညာနဲ့...."
"မေမေကလည်း ကျူးက ဒီလောက် ပိစိလေးပဲ သောက်မိတာပါ..."
သူမ၏ လက်ညှိုးမှ လက်တစ်ဆစ်အား မေမေ့အားပြ၍ ပြုံးကာ ပြောလိုက်ပါသည်။
"လူငယ်ပဲကွာ... မင်းကလည်း... ဒီလောက်လေးတော့ ရှိမှာပေါ့"
ဖေဖေက ထပ်မံ ကာ၍ ပြောလိုက်တော့ မေမေ့အကြည့်တွေ ဖေဖေ့ထံပြန်ရောက်ကာ...

YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romance💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...