💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၂)
ကျူး ကပျာကယာနှင့် စာအုပ်လေးကိုင်ကာ နှောင်းတို့ ရှိနေသည့် ကန်တင်းကို ရောက်လာခဲ့သည်။ ခုံလေးဆွဲ၍ နှောင်းဘေး ဝင်ထိုင်ရင်း ပါလာသည့် စာအုပ်လေးနှင့် ယပ်ခပ်နေသည်။
"ဟူး.... မောလိုက်တာ..."
"ဒီနေ့တော့ ကျောင်းတက်ပြီပေါ့ ကျူး...."
အင်ကြင်းအမေး မဖြေခင် ဘေးက နှောင်းက....
"ဟုတ်ပါ့.... စိတ်ကူးပေါက်တုန်း တက်တာနေမှာ... ခဏနေဆို ပျောက်ပျောက်သွားတာ"
အကြောင်းသိနေသော နှောင်းက မျက်နှာလေး မဲ့ကာ ပြောလိုက်တော့ ကျူးရယ်ရင်း....
"ငါက ခဏတဖြုတ်ပဲ ကျောင်းပျက်တာပါ.... ပြီးတော့ စာတွေနောက်ကျရင် ငါ့သူငယ်ချင်းဖြစ်တဲ့ နင်တို့တွေ ရှိတာပဲဟာ... ငါ့ကိုပစ်မထားဘူးမလား"
"ကျူးနော်... ငါတို့ရှိတယ်ဆိုပြီး မပေါ့နဲ့..."
"အင်းပါ ငါနားလည်ပါတယ်"
"ကျူး မနေ့က အကြောင်းသိပြီးပြီလား.... နှောင်းနဲ့ ဝင်တိုင်မိတဲ့ အကြောင်းလေး...."
စွမ်းနှင့်နှောင်းရဲ့ မြင်ကွင်းကို မြင်ခဲ့ရတဲ့ အင်ကြင်းနှင့် နီလာက သတင်းထူးတစ်ခုလို ပြောလိုက်တော့ နှောင်းမျက်နှာ ပန်းနုရောင်လေးသန်းသွားကာ ဇွန်းလေးကိုင်ရင်း အစားကို အာရုံရောက်နေသောကျူးက....
"ဟုတ်လား..... ငါမသိသေးဘူးကော..."
ကျူးပြောသံနှင့်အတူ ဟိုဖက်ဝိုင်းသို့ လာထိုင်သော စွမ်းတို့ကို နှောင်း မြင်လိုက်ရသည်။ ဟိုဖက်ဝိုင်း ဆိုသော်လည်း နှောင်းတို့နှင့် ကပ်လျက်သာ...
အင်ကြင်း သူမြင်ခဲ့သည့်အတိုင်း ကျူးကို ပြောပြလိုက်ရာ အစားမပျက်ပဲ....
"အလကားပါဟာ.... အဲ့လူ သက်သက်မဲ့ ဇာတ်လမ်းဆင်နေတာနေမှာ..."
ကျူးစကားများအား ကပ်လျက်ဝိုင်းမှ စွမ်း အတိုင်းတား ကြားနေသည်။ သို့သော်လည်း လှည့်မကြည့်ဖြစ်....
"ငါပြောတာ ဟုတ်တယ်မလား နင်တို့ပဲ စဉ်းစားကြည့်လေ.... နောက်ဆုံးနှစ်ရောက်နေပြီး သူ့မေဂျာအခန်း မသိဘူးဆိုတာ ဖြစ်နိုင်လို့လား.... အဲ့လိုလူတွေ ရိုးနေပြီ...."
![](https://img.wattpad.com/cover/340112486-288-k342700.jpg)
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romansa💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...