💕အကြင်နာဒိုင်ယာရီ💕
အပိုင်း(၁၈)
"စွမ်း... မင်းအဲ့ဒီလို မဖြစ်သင့်ဘူးနော်..."
စီးကရက်ဖွာရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် စိုးပိုင်က ပြောလာသည်။ စွမ်း ဆံပင်တွေကို လက်ဖြင့်ထိုးဖွ၍ သက်ပြင်းချလိုက်ရင်း.....
"ငါသိပါတယ်ကွာ... ငါ့စိတ်ကိုက ဖြစ်နေတာ"
"မင်းက နှောင်းကို ရွေးချယ်ထားပြီးပြီလေ... ပြီးတော့ နှောင်းကလဲမင်းကို သံယောဇဉ် ရှိရှာတယ်ကွ..."
"နှောင်းကိုလည်း ငါနားလည်ပါတယ်... ငါ့စိတ်ထဲ ကျူး ရှိမှန်းသိသိချင်း ကျူးနဲ့ပဲ ဖြတ်သန်းဖို့ ဆန္ဒရှိပေမယ့် ငါ နှောင်းအတွက် ကြည့်မှာပါ..."
"မင်းဆိုလိုတာက...."
"နှောင်းကို ပစ်မထားခဲ့ပါဘူး... ကျူးကို ချစ်တာက ချစ်တာပေါ့...."
"မင်းမှန်တယ် စွမ်း.... ငါကတော့ မင်းဘဝလက်တွဲဖော်က နှောင်းကိုပဲ ဖြစ်စေချင်တယ်...."
စိုးပိုင်က ထောက်ခံသလို ပြောလာတော့ စွမ်း လေပူတစ်ချက်မှုတ်ထုတ်ရင်း စီးကရက်ကို ပြန်ချလိုက်သည်။
"ကျူးကိုငါ ဒီအတိုင်းလေးတော့ ချစ်ခွင့်ရှိတယ်မလား... ငါ့အချစ်ကြောင့် နှောင်းကိုလည်း မထိခိုက်စေရပါဘူး... နှောင်းကိုငါ လက်ထပ်မှာပါ"
စွမ်းအဖြစ်ကို သနားရမလိုလို၊ အားပေးရမလိုလိုနှင့် စိုးပိုင် သက်ပြင်းချ၍ သူ့ကိုသာ ကြည့်နေမိသည်။
"ငါ ကျူးကို ရှာချင်သေးတယ်..."
"ဘယ်လို... မင်းက ကျူးကိုရှာပြီး ဘာလုပ်မလို့လဲ"
စိုးပိုင် နားမလည်စွာ မေးလာတော့ စွမ်း ပြုံးရုံသာ ပြုံးလိုက်သည်။
"သူ့ကို ငါ့စိတ်ဆန္ဒအရ တွေ့ချင်ရုံသက်သက်ပဲ.... တခြားပိုင်ဆိုင်လိုစိတ်တွေကြောင့် မဟုတ်ဘူးပေါ့ကွာ...."
"ကျူး ဘယ်သွားမှန်းမသိပဲ ရှာဖို့က လွယ်လို့လား"
"ကံတရားပေါ့ စိုးပိုင်ရာ... ဒီတိုင်းနေနေတာထက်ဆိုင်ရင် ငါ တတ်နိုင်သမျှ ရှာချင်တယ်... လက်မထက်ခင်မှာ ဒီလောက်လေးတော့ ငါ့စိတ်အလိုကို လိုက်ခွင့်ရှိတယ် မဟုတ်လား"
![](https://img.wattpad.com/cover/340112486-288-k342700.jpg)
YOU ARE READING
💕အကြင်နာဒိုင်ယာရီ💕
Romansa💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် မင်းစွမ်းရည် ကျူးတို့က ရွေးချယ်ခွင့်မရှိတဲ့လမ်းမှာတောင် ကိုယ့်ဘာသာ ဖြေသိမ့်သေးတာပဲ... ရှင်ကိုယ်တိုင်ရွေးချယ်ထားတဲ့...