အပိုင်း(၁၆)

356 4 0
                                    

💕အကြင်နာဒိုင်ယာရီ💕

                    အပိုင်း(၁၆)

ကျူး အိမ်ထဲမှာ ပစ္စည်းများ နေရာတကျထားကာ သန့်ရှင်းရေးလုပ်ပြီး ခြံထဲထွက်လာချိန်၌ လက်လေးနှစ်ဖက် ဆန့်တန်း၍ လေကို တစ်ဝကြီး ရှုရှိုက်လိုက်တော့ ပင်ပန်းမှုတွေ အဝေးသို့ လွှင့်ပြယ်သွားသယောင်...

လူပင်ပန်းမှုက တစ်ခဏလေးအတွင်း ပျောက်သွားသော်လည်း စိတ်ပင်ပန်းမှုက သူမနှင့် ထပ်ကြပ်မကွာ ရှိနေသေးသည်။ ကျူး ပင့်သက်လေးရှိုက်ကာ လေအေးအေးတိုက်ခတ်မှုတွေကို ခံစားရင်း အဝေးမှ လှမ်းမြင်နေရသော တောင်တန်းတွေကို ငေးကြည့်လိုက်ပါသည်။

အမောပြေသွားတော့ အိမ်ထဲပြန်ဝင်ဖို့ အနောက်လှည့်လိုက်စဉ် ကျူးခြေထောက်အနား ဘောလုံးလေးတစ်လုံး လှိမ့်လာ၍ ဆက်မလှိမ့်သွားအောင် ဘောလုံးအား ခြေထောက်လေးဖြင့် ထိန်းထားလိုက်သည်။

ဘောလုံးလာရာကို ကြည့်လိုက်တော့ ခြံအပြင်မှာ မျက်ရည်တဝဲလည်လည်လေးနှင့် ရပ်နေသော ငါးနှစ်အရွယ် ကလေးမလေး။ ကျူးက ဘောလုံးလေးကောက်၍ ခြံတံခါးဖွင့်ကာ ကလေးမလေးအား ပြုံး၍ ကြည့်လိုက်သည်။

"ဒါ ညီမလေး ဘောလုံးလား"

"ဟုတ်"

ငိုမဲ့မဲ့လေးနှင့် ဖြေလာတော့ သူမလက်ထဲမှ ဘောလုံးလေး လှမ်းပေး၍ ကလေးမလေးနှင့် အရပ်တူအောင် ထိုင်လိုက်ပါသည်။

"တစ်ယောက်ထဲလား ညီမလေးက... အဖော်တွေရော မပါဘူးလား"

"ဟင့်အင်း မပါဘူး... သမီးတစ်ယောက်တည်း ကစားတာ"

"ဟုတ်ပါပြီ... ဖြေးဖြေးသွားဦးနော်..."

ပြောရင်း အမျိုးသမီးတစ်ယောက် ရောက်လာတော့ ကျူး ထိုင်နေရာမှ ထလိုက်သည်။

"သမီးက ဒီရောက်နေတာကိုး... မေမေက လိုက်ရှာနေတာ..."

အမျိုးသမီးက သူ့သမီးလေးကို ပြောရင်း ကျူးကို ရယ်ပြလိုက်သည်။ ကျူးလည်း အလိုက်သင့်လေး ပြန်ရယ်ပြကာ....

"သူ့ဘောလုံးလေး ခြံ‌ထဲ ရောက်လာ‌လို့ ကောက်ပေးနေတာ...."

"ကျေးဇူးတင်ပါတယ် ညီမလေးရယ်.... ဒါနဲ့ ညီမလေးကို တစ်ခါမှ မတွေ့ဖူးဘူး... အခုမှ ပြောင်းလာတာလား"

💕အကြင်နာဒိုင်ယာရီ💕Where stories live. Discover now