1

671 57 5
                                    

ဆိုးလ်မြို့ ဆောင်းညတစ်ည ၂၀၁၀

ထိုနေ့က နှင်းတွေ ထူထဲစွာကျနေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း ကလေးများလုပ်ထားသော နှင်းလူသားများကလည်း ဟိုဟိုဒီဒီ။

အခြားကလေးငယ်များက တိတ်ဆိတ်စွာဖြင့် နှင်းလူသားလုပ်နေကြသော်လည်း နှစ်ထပ်တိုက်အဖြူနှစ်လုံး ဘေးချင်းကပ်ပြီး ဆောက်ထားသော တစ်နေရာမှာတော့ ရန်ဖြစ်သံတွေ ဆူညံနေတော့သည်။

"ဟေ့ကောင် သူများပုံထားတဲ့ နှင်းတွေ လာမယူနဲ့လေ"

"ယူမှာပဲ မင်းပိုက်ဆံပေးပြီးဝယ်ထားတာမှမဟုတ်တာ"

ရှစ်နှစ်အရွယ်ကောင်လေးနှစ်ယောက် အော်ကြီးဟစ်ကျယ်နှင့် ရန်ဖြစ်နေတာကြကို ဖြတ်သွားဖြတ်လာများက ဝင်မဆွဲသည့်အပြင် ချစ်စရာလေးတွေဟုတောင် မှတ်ချက်ချသွားကြသေးသည်။ ဂျစ်ကန်ကန်ရုပ်လေးတွေနှင့် တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကြည့်နေကြသည်မှာ အလွန်ဆုံးရှိလျှင် ငါးမိနစ်လောက်တော့ကြာမည်။

"အေးပါကွာ မင်းပဲယူလိုက် ကြည့်လို့ကိုမရဘူး ဂင်ထယ်ရယ်"

ထယ်ရယ့်မျက်နှာသေးသေးလေးကို နှင်းလုံးအကြီးကြီးနှင့် ပစ်ပေါက်ပြီး အိမ်ထဲသို့ ခြေဆောင့်ဝင်သွားသော အီဂျောင်ဟျွန်းပေါက်စလေးမှာ ဂျစ်တူးလေးဖြစ်သော်လည်း တစ်ဖက်လူကို လွယ်လွယ်အလျှော့ပေးတတ်သော စိတ်လေးတော့ရှိသည်။

သို့သော် ထယ်ရယ်ကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်အိမ်လုံးမှာ အထွေးဆုံးဖြစ်သည့်အပြင် မိဘတွေနှင့် အစ်မဖြစ်သူက ဖူးဖူးမှုတ်ထားတာကြောင့် ဆိုးချင်တိုင်းဆိုးနေသည်လေ။ သူဆိုးတာက တအားအဆိုးကြီးတော့မဟုတ်ပေမဲ့ ဂျောင်ဟျွန်းအပေါ်သာ အထူးတလည် ဆိုးပေနေခြင်းဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်ပေးမှာပဲကို စကားများနေသေးတယ်"

အီဂျောင့်ဆီမှ လုထားသော နှင်းပုံကြီးထဲကနေ နှင်းလုံးသေးသေးလေးတွေယူပြီး snowmanလုပ်နေသော ထယ်ရယ့်အနားသို့ အမေရောက်လာတော့သည်။

"ထယ်ရယ်လေး ရေချိုးရအောင် အိမ်ထဲဝင်ကြမယ်"

"မချိုးချင်ဘူး မေမေကလည်း ထယ်ရယ်ဒီမှာ ဆော့နေတာမမြင်ဘူးလားလို့"

You're a bad idea(JeongRae)✔️Donde viven las historias. Descúbrelo ahora