4

232 44 9
                                    

ဧည့်ခန်းထဲမှာ ထယ်ရယ်ရဲ့ အမေဆူသံမှလွဲ၍ ကျန်တဲ့အသံဆိုလို့ တစ်စိမှမကြားရပေ။ ခြေထောက်နာတာကြောင့် ငိုမဲ့မဲ့မျက်နှာဖြစ်နေသော အီဂျောင်ဟျွန်းရယ်၊ နားပူတာကြောင့် ငိုမဲ့မဲ့မျက်နှာဖြစ်နေသော ထယ်ရယ်ရယ်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ ချောင်ပိတ်မိနေကြတော့သည်။

"သားအီဂျောင်လေးရယ် ဘယ်လိုဖြစ်ရတာလဲ၊ အန်တီ့မျက်နှာကို ဒီကောင်လေး အိုးမဲသုတ်လိုက်တာပဲ အားနာလွန်းလို့ မျက်နှာတောင်မပြရဲပါဘူးကွယ်"

"သားခြေထောက်ကို တက်နင်းသွားတာ အားပါသွားလို့နေမယ်၊ လမ်းလျှောက်ဖို့လုပ်တာ ခြေဆစ်ရိုးက
ဂလောက်ခနဲအသံမြည်ပြီးကတည်းက ကျိုးမှန်းသိလို့ တက်စီသမားကိုတောင် ကားပေါ်တွဲတင်ခိုင်းရတာပဲ
အန်တီရယ်"

"အို...အခုရော တအားနာနေလား?"

"ဟုတ် နည်းနည်း...အ နာလိုက်တာ"

ထယ်ရယ့်အမေကို ခြေထောက်လှုပ်ပြမှ ပိုနာသွားသယောင် ထအော်ပြတဲ့ အီဂျောင်ဟျွန်းကို ခြေထောက်တစ်ချောင်းလုံး ဂျွတ်ခနဲမြည်အောင် ချိုးပစ်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာရသည်။

"မင်း အပိုတွေမပြောနဲ့! ငါနင်းတာ အဲ့လောက်အားမပါမှန်းသိတယ် ကျိုးစရာဘာအကြောင်းမှမရှိဘူး၊ အာလူးလိုလို မုန်လာဥလိုလိုတွေ လာလုပ်မနေနဲ့ အီဂျောင်ဟျွန်း"

"ဟဲ့ ဒီကောင်လေးကတော့၊ သူငယ်ချင်းကို တောင်းပန်ရကောင်းမှန်းလည်းမသိ စွာတေးလန်နေတော့တာပဲ"

ထယ်ရယ့်ကို မချစဖူး လက်ဝါးဖြင့် ဖြန်းခနဲချလာသော အမေ့ကို ဘုကြည့်ပြန်ကြည့်မိလိုက်သည်။ အီဂျောင်ဟျွန်းကတော့ ပြုံးစိစိဖြစ်လိုက်၊ အနာကိုသတိရပြီး မျက်နှာမဲ့သွားလိုက်နှင့် တစ်ယောက်ထဲကို ဆယ့်နှစ်မျိုးဟင်းချိုဖြစ်နေတော့သည်။

"ရပါတယ် အန်တီကလည်း၊ သားလိုချင်တာက တစ်ခုထဲပါ"

"ဟေ ဘာများလိုချင်တာတုန်း၊ ဆေးဖိုးဆိုလည်း အန်တီ ဒီကောင်လေး မုန့်ဖိုးထဲကဖြတ်ပြီး ပေးပါ့မယ်"

"အမေ!"

"နင့်ပါးစပ်ကိုပိတ်ထား ဂင်ထယ်ရယ်"

You're a bad idea(JeongRae)✔️Kde žijí příběhy. Začni objevovat