6

223 39 9
                                    

တလှပ်လှပ်ခုန်နေသော နှလုံးသားကို လျစ်လျူရှုပြီး ထယ်ရယ့်ခါးကိုဖက်ထားကာ စက်ဘီးနောက်ခုံမှာ ထိုင်လိုက်ရသော ခံစားချက်ကတော့ တကယ်ကို ပြောမပြတတ်အောင်ပင်။ အရှေ့မှာ နှစ်ယောက်စာအားထုတ်ပြီး နင်းနေရသော ထယ်ရယ်ကတော့ ဆောင်းရာသီကို မခန့်သလို ချွေးတွေပင် ထွက်နေပြီ။

ပိုက်ဆံတစ်ပြားမှမပေးရတဲ့ စိတ်ကူးယဉ်ခြင်းကို ဦးနှောက်ကလုပ်နေတုန်း အပြင်မှာ ဆောင့်ချလိုက်သော စက်ဘီးဘရိတ်ကြောင့် အင့်ခနဲအသံပင်မြည်ပြီး အတွေးတွေလည်း လေထဲလွင့်သွားတော့သည်။

"ရောက်ပြီ ဆင်း၊ ကိုယ့်ဟာကိုယ်သွားတော့...အဲ နေပါဦး မင်း ချိုင်းထောက်ရော?"

"ဟာ သွားပြီ ကျန်ခဲ့ပြီ အိမ်မှာ"

စိတ်ညစ်သွားသော ထယ်ရယ့်မျက်နှာမှာ ဇီးရွက်လောက်လေးပဲကျန်တော့သည်၊ အီဂျောင်လည်း နီးစပ်ချင်လို့သာ လိမ်ဆင်တွေလုပ်နေရတာ ထယ်ရယ့်ကို ဒုက္ခပေးသလိုဖြစ်နေတာမျိုးကိုတော့ တကယ်မကြိုက်မိ။

"ငါ ခေါင်းခေါက်လိုက်တော့မယ်"

"စက်ဘီးကိုပဲ အာရုံရောက်သွားလို့ပါကွာ"

ထယ်ရယ်က ဘာမှမပြောတော့ဘဲ သူ့လက်ကို ပုခုံးပေါ်တင်ကာ တွဲပေးပြီး စာသင်ခန်းရှိရာသို့ လျှောက်သွားတော့သည်။ အမှန်တရားကိုသာ သိသွားသည့်တစ်နေ့ ထယ်ရယ် သူ့ကို လည်ပင်းမညှစ်ဘူးဟု ပြောလို့မရ။

အတန်းထဲရောက်တော့ အီဂျောင်ထိုင်နေကျနေရာအထိ တွဲပေးကာ ခပ်တည်တည်နှင့်ပင် ခုံပေါ်ပစ်ချပြီး စာကြည့်နေသော ပတ်ဟန်ဘင်းဆီသို့ ကော့တော့တော့နှင့် လျှောက်သွားတော့သည်။

"ဘင်းနီး ငါရောက်လာပြီ"

"မင်းနဲ့သူက ဘာကိစ္စ တူတူလာရတာလဲ?"

"ပြောရရင်အရှည်ကြီး၊ လျော်ကြေးလည်းမပေးနိုင် တရားစွဲလည်းမခံနိုင်လို့ အခုလို ဝဋ်ကြွေးဆပ်နေရတာ"

ဟန်ဘင်းက မကျေနပ်သော်လည်း ဘာမှမပြောဘဲ စာအုပ်ထဲသာ အာရုံပြန်စိုက်နေတော့သည်။ ထယ်ရယ်ကတော့ စက်ဘီးနင်းလာရာက မောနေတဲ့အမောတွေ
မပြေသေးတာကြောင့် ရေမော့သောက်နေတော့သည်။

You're a bad idea(JeongRae)✔️Donde viven las historias. Descúbrelo ahora