Extra-1

202 37 14
                                    

ကျောင်းပိတ်ချိန် နွေရာသီဖြစ်တာကြောင့် ထယ်ရယ် ခါတိုင်းလိုမျိုး စောစောမထဖြစ်ဘဲ အဲကွန်းအေးအေးလေးနှင့် စောင်ပုံထဲမြုပ်အောင် ကွေးနေမိသည်။ စိတ်ရှုပ်စရာ alarmသံတွေလည်း မကြားရတာကြောင့် ရုတ်တရက်ဆန်စွာ နိုးလာစရာအကြောင်းလည်း မရှိ။

ထယ်ရယ် အိပ်စက်ခြင်းမှာ ပျော်ဝင်နေတုန်းရှိသေး တံခါးကို တဒုန်းဒုန်းထုသံကြောင့် ဆတ်ခနဲလန့်နိုးသွားရတော့သည်။ မဖွင့်ပေးမချင်း တဒုန်းဒုန်းဆက်ထုနေတာကြောင့် စိတ်တိုတိုနှင့်ထကာ အိပ်မှုန်စုံဝါးဖြစ်နေသော မျက်နှာကို လက်နှင့်ကာထားပြီး တံခါးထဖွင့်ပေးလိုက်ရသည်။

တံခါးရှေ့မှာရပ်နေသူက အဖေလည်းမဟုတ်သလို အမေလည်းမဟုတ်တဲ့ သူ့ရဲ့ အသစ်စက်စက်ချစ်သူရည်းစားလေး အီဂျောင်သာဖြစ်တော့သည်။

"အီဂျောင်? အစောကြီး ဘာလာလုပ်တာလဲ"

အိပ်ရေးမဝသေးတာကြောင့် စကားတွေက အကန်တွေချည်း ထွက်လာတော့မည်ကို ကိုယ့်ဟာကိုယ် ကြိုသိနေသဖြင့် ထယ်ရယ်လည်း တစ်ခွန်းသာမေးပြီး ပါးစပ်ရော မျက်လုံးပါ ပိတ်ထားလိုက်သည်။

"ငါတို့ ခရီးသွားကြမယ် ထယ်ရယ်"

"ဘာပြောတယ်?!"

သူများအိပ်နေတာကိုလည်း လာနှိုးသေး၊ မဖြစ်နိုင်တာတွေလည်း လာပြောနေတာကြောင့် အီဂျောင့်လက်မောင်းတစ်ဖက်ကို အားနဲ့ပိတ်ထုလိုက်မိသည်။ ဒင်းကတော့ နာသွားသည့်ပုံပင်မပြဘဲ လက်ထဲမှ ခရီးသွားလမ်းညွှန်စာရွက်ကိုသာ အာရုံရောက်နေတော့သည်။

"လုပ်ပါ ထယ်ရယ်ရာ၊ နှစ်ယောက်ထဲမသွားချင်ရင် ပတ်ဟန်ဘင်းတို့အတွဲကိုပါ ခေါ်လို့ရတယ်လေနော်"

"မင်းဟာမင်း သွားသွားမသွားသွားကွာ သူများ နိုးနေတဲ့အချိန်ကျမှ လာပြောပါလားဟ၊ အခု မင်းနဲ့ငါနဲ့ တစ်နာရီပြတ်မယ် နောက်တစ်နာရီကျမှ ပြန်လာပြော"

အီဂျောင့်ကို အခန်းအပြင် အတင်းတွန်းထုတ်ကာ
ထယ်ရယ် သူ့အိပ်ရာပေါ် ဒိုင်ဗင်ပြန်ထိုးပြီး အိပ်လိုက်တော့သည်။ မတတ်နိုင်...သူ ညက တရုတ်ကားကြည့်တာတွေများပြီး မနက်၂နာရီမှ အိပ်ဖြစ်တာမို့။

You're a bad idea(JeongRae)✔️Tempat cerita menjadi hidup. Temukan sekarang