3

238 47 9
                                    

"အကြာကြီးစောင့်လိုက်ရလား ဘင်းနီး"

ကျောင်းတံခါးပေါက်ဝရှေ့မှာ စာအုပ်ဖတ်ကာ မျက်မှောင်ခပ်ကြုံ့ကြုံ့နှင့် သူ့ကို စောင့်နေသော ဟန်ဘင်းကို တွေ့လိုက်ရတာကြောင့် အနားသို့ပြေးသွားမိသည်။

"အင်း ဘာတွေလုပ်နေလို့လဲ"

"ဟိုအရှုပ်ထုပ်နဲ့ စကားများနေလို့ပါ"

ဟန်ဘင်းက သူ့ကို မျက်စောင်းတစ်ချက်သာ ထိုးကြည့်ပြီး သူ့စာသူပြန်ဖတ်နေသည်။ ထိုမျက်စောင်းရဲ့ အဓိပ္ပာယ်ကတော့ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူးနော်ဆိုတာကို ဖော်ပြနေသလိုပင်။

"သွားကြမယ် နောက်ကျရင် ဆိုင်ပိတ်သွားလိမ့်မယ်"

ရုတ်တရက်ဆန်ဆန်ပဲ ထယ်ရယ့်လက်ကို ကိုင်လိုက်ပြီး သူတို့နှစ်ယောက် သွားစားနေကျ ခေါက်ဆွဲအေးဆိုင်ဘက်ကို ဦးဆောင်၍ ထွက်သွားသော ဟန်ဘင်းရဲ့ နောက်ကျောကိုကြည့်နေမိသည်။ စာဂျပိုးသာဆိုတာ မထုံတတ်တေးနှင့် သူ့ကိုတော့ တော်တော်အသားယူတတ်သည်။

သူတို့နှစ်ယောက်က ချစ်သူရည်းစားဆက်ဆံရေးတော့မဟုတ်ပေမဲ့ ဝေခွဲမရသော အခြေအနေတစ်ခုထဲကို ရောက်နေသည်ဆိုတာတော့ အမှန်ပင်။ ဒီလို ရှေ့မတိုးနောက်မဆုတ်ဆက်ဆံရေးကိုပဲ နှစ်ယောက်လုံးက သဘောကျနေတာကြောင့် ဘယ်သူ့ဘက်မှစပြီး ရှေ့တိုးဖို့ အစီအစဉ်လည်းမရှိပါ။

ဆိုင်ထဲသို့ဝင်လာတော့ လူတွေပြည့်ကြပ်နေတာကို မြင်လိုက်ရပြီး ဟန်ဘင်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ ဘယ်နားမှာမှ မလွတ်တော့သည့် စားပွဲတွေကြောင့် ထယ်ရယ်လည်း ဟန်ဘင်းရဲ့ နောက်ကျောကိုတို့ကာ တခြားဆိုင်သွားရအောင်ဟု ပြောလိုက်သည်။

ထိုစဉ် သူတို့နှစ်ယောက်အနောက်ကနေထွက်ပေါ်လာသည့် ခပ်စူးစူးအသံကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ ထယ်ရယ်၏ ဆယ်ဘဝရန်သူ အီဂျောင်ဟျွန်းဖြစ်နေသည်လေ။

"အန်တီ ကျွန်တော် နေ့ခင်းက bookingတင်ထားတဲ့ လူငယ်လေးပါ"

"လာကွယ် ဒီဘက်မှာလာထိုင်"

ရှားရှားပါးပါး လွတ်နေသည့်တစ်ခုံကလည်း အီဂျောင်ဟျွန်းဦးထားတာမှ ဖြစ်နေရတယ်လို့ဟု စိတ်အချဉ်ပေါက်စွာ တွေးမိလိုက်သည်။

You're a bad idea(JeongRae)✔️Donde viven las historias. Descúbrelo ahora