ချစ်မိမှတော့ ပိုင်ဆိုင်ချင်ကြတဲ့သူတွေချည်းပါပဲ မပိုင်ဆိုင်ရလဲဖြစ်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့လို့သာ အားမတန်လို့မာန်လျော့လိုက်ရခြင်း ။
လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်သလို အချစ်ကိုလဲတစ်ယောက်ထဲပုံဖော်လို့မှမရပဲ အသွားပဲရှိတဲ့မေတ္တာတွေ ပြန်မလာတဲ့အခါ ထပ်ပီးသွားဖို့တုံ့ဆိုင်းလာမိမှာပဲလေ ။
တစ်ဖက်သတ်ဆိုတာ ဘယ်လောက်ခံစားရခက်လိုက်သလဲ ငေးနေရုံ ၊ တွေးနေရုံ နဲ့ အငွေ့တောင်ခံစားခွင့်မရှိတဲ့ မင်းရဲ့အချစ်တွေ တစ်ခြားတစ်ယောက်ဆီမှာ မြှုပ်နှံထားတာ အမြတ်ကောရရဲ့လား ?
" ဟာအိုဟျောင်း !! ရောက်နေတာကြာပြီလား ကျနော် နည်း"နောက်ကျသွားလို့ "
ထိုင်နေကျ ကော်ဖီဆိုင်လေးက ထောင့်စွန်းဝိုင်းထိ ခပ်သွက်သွက် လျှောက်လာတဲ့ ကောင်လေးက ကျနော်မှာထားတဲ့ ice -milk ခွက်ကို ယူကာမော့ရင်း စကားဆိုလိုက်သည်။
" အင်း !! စောင့်နေကြပဲလေ ဟန်ဘင်း , hyung က မင်းအတွက် အမြဲစောင့်နေတာပဲမလား အသားကျနေပါပြီ ဒါပေမဲ့လို့ "
ဆက်ပြောမည့် စကားအတွက် သူ့မျက်ဝန်းဆီအဖြေရှာနေမိသလို ထိုကောင်လေးကလဲ နားမလည်သလိုပြန်ကြည့်လာလေသည်။နောက်ဆုံးချိန်ထိ မျှော်လင့်ခဲ့မိပါသေးသည်။ သို့ပေမဲ့ ထိုကောင်လေး၏ အကြည့် ၊ အပြုံး ၊ အပြုအမူတိုင်းသည် ရိုးသားနေသော်ငြား ကျနော်ကတော့ ချစ်တဲ့စိတ်နှင့်မို့ အတွေးတွေမှားနေတတ်သည်။
ဆိုင်သူရှိပြီးသား သူတစ်ယောက် အပေါ် မျှော်လင့်ချက်ထားခဲ့မိသည့် ကျနော် သိပ်ကိုရူးမိုက်ခဲ့လွန်းသည်မဟုတ်ပါလား ??
" Hyung ပြန် တော့ မယ် ဟန်ဘင်း hyung မရှိလဲ အဆင်ပြေအောင်နေမယ်လို့ မဟုတ်ဘူး နေနိုင်မှာပါ Hanbin က လူတော်တစ်ယောက်ပဲလေ မက်ချူးနဲ့ စိတ်ချမယ်နော် "
အကြည့်တွေရှောင်တိမ်းကား ဝေ့လာသည့်မျက်ရည်တွေ ခတ်ထုတ်ရင်း တုန်ယင်စပြုလာသည့်အသံကို ထိန်းထားရသည်။
" သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာမလား ဟျောင်း !
စိတ်ပျော်မယ်ဆိုရင် ဟျောင်း သဘောပါ ကျနော်အချိန်မရဘူး ဟျောင်း ပြောစရာရှိသေးလား "
YOU ARE READING
💕 LOVE SWITCH 💕
FanfictionHaobin Fan Fiction ပထမဆုံးရေးမှာမို့ အမှားပါရင်ထောက်ပြနိုင်ပါတယ်နော် ။