part - 2

333 34 2
                                    

" ဒါဆို ကျနော့်ကို အပိုင်လိုချင်လား ဟျောင်းကို အထီးမကျန်စေမယ့် အရုပ်လေးဖြစ်ပေးမယ် "

ထိုနေ့က ဟန်ဘင်း စကားကအကြိမ်ကြိမ်နားထဲကြားယောင်နေမိသည်။ဘာစကားမှ ပြန်မဆိုခဲ့ပေမဲ့ ထိုအရုပ်လေးကို အပိုင်လိုချင်ခဲ့သည်တော့ ဝန်ခံပါသည်။

" ဟျောင်း အစောကြီးပါလား "

" ဟုတ်တယ် အစောကြီးနိုးနေတာနဲ့ ဟန်ဘင်း မနက်စာဘာစားခဲ့လဲ "

" မစားခဲ့ဘူး ဟျောင်းရော "

" ဟင့်အင်း မုန့်သွားစားမလားအတန်းချိန်လဲ လိုသေးတယ်လေ "

နာရီဝတ်ရတာသဘောကျတတ်ပုံရသော ဟန်ဘင်းက အဝတ်အစားနှင့်လိုက်ဖက်စွာ အမြဲဝတ်ဆင်ထားတတ်သည်။ အခုလဲ နာရီတစ်ချက်ကြည့်လိုက်ပြီးမှ။

" အိုကေ သွားတာပေါ့ "

ကန်တင်းရှိရာ လျှောက်လာခဲ့သည့်လမ်းတလျှောက် ဟန်ဘင်းကို ခိုးငေးရတာလဲအမောပင် ။ မျက်လုံးဝိုင်းဝိုင်းတွေနှင့်ဆုံလျှင် ရုန်းမရအောင် နှလုံးသားမှာငြိတွယ်သည်။

နှုတ်ခမ်းပါးပါးလေးနှင့် ချစ်စရာကောင်းသောထိုကောင်လေးက စကားချိုချိုလေးတွေလဲ ပြောတတ်ပြန်သေးသည်။

ကိုယ့်အတွေးနှင့်ကိုယ်တစ်ချက်ပြုံးလိုက်ရင်းမှ ...

" ဟျောင်း !!! ဟန်ဘင်း ဟျောင်း !! "

လမ်းတစ်ဖက်မှ အော်ခေါ်သံကြောင့်နှစ်ယောက်သားဘေးဘီကြည့်မိသည်။ လက်လှမ်းပြကာ ချစ်စရာကောင်းစွာပြုံးပြလျက် ပြေးလာနေသော ကောင်လေးက တစ်ချိန် နှစ်ယောက်ကြားမှာ စည်းတစ်ခုဖြစ်လာခဲ့မယ်လို့ မထင်ခဲ့ ။

" ဟျောင်း !! ကျနော် ဒီနေ့ရောက်မယ်ဆိုတာ သိရဲ့သားနဲ့ "

နှုတ်ခမ်းလေးစူကာ စိတ်ဆိုးဟန်ပြောနေသည့်ကောင်လေးကို ခေါင်းလေးခပ်ဖွဖွပုတ်ကာ ပါးမို့မို့ လေးအားအသဲယားစွာလိမ်ဆွဲနေပုံက မြင်ခဲ့ဖူးသော ဆောင်းဟန်ဘင်းနှင့်ကွဲထွက်လို့နေသည်။

" စိတ်မကောက်ပါနဲ့ဗျာ ဟျောင်း ကြိုရောက်နေတာကလဲ ပြင်ဆင်စရာလေးရှိလို့ပါ မက်ချူးက အတန်းလဲနောက်ကျတော့ စာတွေလိုက်မမှီမှာလဲဆိုးတယ် အဲ့ဒါကြောင့် အနီးကပ်ရှင်းပြလို့ရအောင် ဟျောင်းဘေးမှာတူတူထိုင်လို့ရအောင် ကျောင်းအုပ်နဲ့တွေ့နေတာ "

💕 LOVE SWITCH 💕Where stories live. Discover now