တစ်ဘဝလုံးစာဝေးကြရမယ့် အချိန်မှာ အကြားချင်ဆုံးက ဟန်ဘင်းရဲ့အသံ ၊ အမြင်ချင်ဆုံးက ဟန်ဘင်းရဲ့ ပုံရိပ်တွေရယ်ပါ။သို့ပေမဲ့ ဆုတောင်းတွေမပြည့်ခဲ့ပါဘူး ။
အချိန်ပြည့်နေရာယူထားပြီးမှ ရုတ်တရက်ကြီးမေ့ဖျောက်ပစ်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်းခဲ့တာပေါ့ ....
နှစ်တွေတိုက်စားပြီးသည့်နောက် အနည်ထိုင်ခါစ သတိရမှုတွေကို အလုပ်တွေ အစားထိုးပစ်လိုက်ပြီးနောက် တဖန်မွေးဖွားလာသည့် ကျန်းဟောက်ပင် ။
ဝေးကွာခဲ့ကြသည့်တစ်လျှောက် အဆက်အသွယ်ပြတ်တောက်သွားသည်ထက် ဖြတ်တောက်ပစ်ခဲ့သည်ဆိုပိုမှန်လိမ့်မည်။
သတိရတိုင်းသွားဖြစ်သည့် ကော်ဖီဆိုင်လေးက နှစ်ယောက်သားရှိခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးနဲ့ ပုံစံဆင်နေခြင်းကြောင့်ပင်။
ဒီနေ့အားလပ်ရက်မို့ စာအုပ်သုံးအုပ်လောက်ဆင့်ထားလျက် တစ်နေ့လုံး အချိန်ဖြုန်းဖို့တွေးထားဟန်။
" ဟာ အို ဟျောင်း ဟုတ်တယ်မလား "
" မက် ..ချူး ! "
ထိုင်ခုံအလွတ်တွင် ဝင်ထိုင်ကာနှုတ်ဆက်လာသည့် မက်ချူးကြောင့် ဟန်ဘင်း များပါလာလေမလားအတွေနဲ့ ဘေးပတ်ဝန်းကျင်အား မျက်လုံးကစားမိသေးသည်။
" ဘယ်သူ့ကိုရှာနေတာလဲ ဟာအိုဟျောင်း "
" ဟန်ဘင်းလေ "
" ဗျာ !! "
အံ့ဩသွားပုံရသော မက်ချူးပုံစံကြောင့် နားလည်ရခက်သွားသည် ။
" ဟာအိုဟျောင်း မသိသေးဘူးထင်တယ် ဒါက ဟန်ဘင်းဟျောင်း တစ်ယောက်ထဲနေလေ့ရှ်ိတဲ့ အခန်းနံပါတ်နဲ့လိပ်စာ ဟာအိုဟျောင်း သေချာပေါက် သွားသင့်တယ်လို့ထင်ပါတယ် ဟိုးဘက်ဝိုင်းကလူက ကျနော့် လက်တွဲဖော် ပါ"
မက်ချူးညွှန်ပြသည့်နေရာကိုလှမ်းကြည့်မိသည်။ချောမောပြေပြစ်သော ရုပ်ရည်ပိုင်ဆိုင်ထားသည့်လူတစ်ယောက်ပင်။
" ကင်မ်ဂျီဝွန်း တဲ့ ကိုရီးယားမှာထဲက ဟျောင်းနဲ့မိတ်ဆက်ပေးဖို့ အခွင့်မသာခဲ့လို့ "
YOU ARE READING
💕 LOVE SWITCH 💕
FanficHaobin Fan Fiction ပထမဆုံးရေးမှာမို့ အမှားပါရင်ထောက်ပြနိုင်ပါတယ်နော် ။