part -5

294 31 4
                                    

"  ဟန်ဟင်း !! "

လက်တွေဝှေ့ယမ်းကာ နှစ်လိုစွာပြုံးလျက် တွေ့လိုက်ရသည့် ကော်ဖီဆိုင်ဝမှ ဟာအိုဟျောင်း ။ဘေးနာလာထိုင်ဖို့ လက်ဟန်နှင့် ပြလိုက်ရင်းက မသိမသာ စီးဝင်သွားသည့် အပျော်လှိုင်းလေး။

လူတစ်ယောက်ကို သဘောကျရတာ ဘယ်လောက်ထိ ပျော်စရာကောင်းပါသလဲ ??

" တစ်ယောက်ထဲလား ဟန်ဟင်း "

" ဟျောင်း ကရော "

" တစ်ယောက်လာတာတွေ့ရဲ့သားနဲ့ "

" ဟောဗျာ ဒါဆို ကျနော့်ကိုရော တစ်ယောက်ထဲမတွေ့ရလို့လား"

" ဟီး !! "

ကလေးတစ်ယောက်နှယ် အပြစ်ကင်းစွာပြုံးလေတော့ ဒီကောင်မဆီမဆိုင် ဘဝင်မြင့်ရပြန်တယ် ။ခဗျားရဲ့ ဒီလိုအပြုံးတွေ မြင်အောင် ဖန်တီးနိုင်လေတယ်ပေါ့ !!

" ရော့ ဟန်ဘင်းအတွက် "

" ဟင် !! "

" လက်ဖြန့်လေ ! "

လက်သီးဆုပ်လေးထဲက ချိုချဉ်လေးနှစ်လုံး ကျနော့်လက်ဖဝါးပေါ်  ခြေချလေတော့ အပျော်တွေက အပြုံးတွေအဖြစ်လျှံလို့ ။ ဒါကို ! လှောင်တာလား ဟု မေးခွန်းထုတ်လာသည့် ငတုံးလေးက ဒီကောင့် ရင်ခုန်သံတွေလဲ ကြားပုံ မပေါ် ။

" ချိုချဉ် မကြိုက်ရင် ဟန်ဘင်း ကြိုက်တာပြောလေ "

" ကျနော် ကြိုက်တာ ...ကျနော်  ..ကြိုက်တာ ဟျောင်း..."

" ဟင် ! "

" ဟျောင်း !  သောက် နေ ကြ ice -milk လား  အင်း  အဲ့ဒါ "

" အင်း !! "

တကယ်ကို ငတုံးလေးပါပဲ ... ဒီငတုံးလေး ကျနော့် ရင်ခွင်ဆီမြန်မြန်ရောက်အောင် ဘယ်လမ်းကို ညွှန်သင့်ပါသလဲ ??

ကျနော့်ဘေးက အရိပ်လေးက လိပ်ကလေး နီးလာလိုက် ဝေးသွားလိုက်နဲ့ သူ့မှာတရွေ့ရွေ့ ပြေးနေရတာ ပန်းတိုင်မရောက်ခင်ထိ ။

မက်ချူးနှင့်အတူရှိချိန်တိုင်း ပြောင်းလဲစပြုလာသည့် ဟျောင်းပုံရိပ်တွေ။ ဒါတွေက တစ်ဖက်သတ်ဆိုသည့်အတွေးမှားတွေကို ချေဖျက်နိုင်ခဲ့ခြင်း ။

သိုပေမဲ့ ထိုအခိုက်အတန့်တွင်မြင်နေရသည့် ဟျောင်းအပြုအမူတွေကို သူသဘောကျနေမိသည်။ဒါကို သဝန်တိုခြင်းလို့ ခေါင်းစဉ်တပ်မည်လား ? မဟုတ် ချစ်ခြင်း ရယ်လို့ ဖွင့်ဆိုရမည်လား ??

💕 LOVE SWITCH 💕Where stories live. Discover now