" ဟန်ဘင်းလား !! "
မြင်ကွင်းထဲ ထင်ထင်ရှားရှားပေါ်လာသည့် ပုံရိပ်က ဟန်ဘင်းနှင့်တူသော အမျိုးသမီးကြီးတစ်ယောက်ပင်။ မျက်ဝန်းမှာမျက်ရည်တွေအပြည့်နှင့် ကျနော်ရှိရာကို တရွေ့ရွေ့လျှောက်လှမ်းလာကာ ။
" ကျန်းဟာအို ဆိုတဲ့ ကလေးလား "
" ဟုတ်ကဲ့ "
ကျနော့် အဖြေကို ခေါင်းညိမ့်ရုံသာအတည်ပြုလျက် စားပွဲပေါ်ရှိ ဟန်ဘင်းဓာတ်ပုံလေးအား ယူကာ တယုတယနှင့် ။
" သားငယ် မင်းချစ်တဲ့သူက မင်းဆီလာလည်ပုံပဲ "
" ဟန်ဘင်း ကိုတွေ့လို့ရမလား အန်တီ သူဘယ်မှာရှိနေမလဲ ကျနော်သိခွင့်ရှိမလား "
" သားငယ်က မင်းထွက်သွားပြီးထဲက ဒီအခန်းထဲမှာအမြဲရှိတယ် ဒါပေမဲ့ ခဏလေး "
စကားကို လက်စသပ်ကာ စာအုပ်တွေထဲလှန်ကာရှာဖွေနေပြီးနောက် ကျနော့်လက်ထဲ ထည့်လာပေးသည့် စာရွက်ခေါက်လေးတစ်ခု။
စာရွက်လေးက အတော်ပင်ဟောင်းနွမ်းလို့နေပြီ ။ စာထဲက စကားလုံးတွေလဲ ဟောင်းနွမ်းခဲ့ပြီပေါ့ ....
" ဟျောင်း ! ဒီကမ္ဘာကြီးမှာ ကျနော်မရှိလဲ ပျော်အောင်နေရမယ်နော် ....
ညတွေက မအိပ်ဘူး ကျနော့်ဝေဒနာကို အမြဲခြောက်လှန့်နေတယ် ။ တစ်နေ့တာမှာ ဒီနေ့က ဟျောင်းကိုနောက်ဆုံးမြင်ခွင့်ရခဲ့ခြင်းပါပဲ ....
ဟျောင်းကတော့ တစ်ခဏခွဲခွာခြင်းနဲ့ဆိုပေမဲ့ .....
ကျနော်ကတော့ ထာဝရခွဲခွာခြင်းနဲ့ ထားခဲ့ရတော့မှာပဲ......စကားသံတွေ တိုးတိုးလေးကြားနေရတယ်...
အဝေးကြီးကလူတွေ လှမ်းပြီးပြုံးပြနေကြတယ်....
သိုပေမဲ့ ..ကျနော့် နံဘေးမှာတော့ ကွက်လပ်လေး ....ရှင်သန်နေရချိန်ထက် ပျောက်ကွယ်သွားရတော့မယ့်အချိန်မှာ ဟျောင်း ကိုအများကြီးပိုလွမ်းနေမိတယ်........
မချစ်လို့မဟုတ်ဘူး ဟျောင်းရယ် သေလူဆိုတာသိရက်နဲ့အနားမှာဆွဲထားပြီး ဝေဒနာတွေမပေးချင်တဲ့ ကျနော့်လုပ်ရပ်က သတ္တိကြောင်တယ်ပဲဆိုဆို ဟျောင်း အဆင်ပြေဖို့သာ အရေးကြီးခဲ့တာပါ ...
YOU ARE READING
💕 LOVE SWITCH 💕
Hayran KurguHaobin Fan Fiction ပထမဆုံးရေးမှာမို့ အမှားပါရင်ထောက်ပြနိုင်ပါတယ်နော် ။