Part -1

1.3K 109 21
                                    

ညက မှောင်နေသလို ဟန်ဘင်း တုန်လှုပ်ခြောက်ခြားနေရတယ်။ စိတ်က ရှုပ်ထွေးနေရတာတွေ အများကြီး။ မနက်ကအထိ ဟန်ဘင်းက YN Group ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ။ ငယ်ငယ်ကတည်းက ဟန်ဘင်းက လိုတာ တ လိုက်တိုင်း မပြည့်လာခဲ့တဲ့ အရာဆိုတာ စိုးစဉ်းမျှမရှိ။ ခုတော့ ဟန်ဘင်းအခြေအနေက ပြောင်းပြန်လှန်လိုက်သလို။

အစားထိုးမြေးဘဝ ကုန်ဆုံးတော့မယ်ဆိုတော့ ဟန်ဘင်းကြောက်မိတာ အမှန်။ ပိုင်ဆိုင်မှု့တွေ မေတ္တာတရားတွေ အကုန်ဟာ သူ့အပိုင်မဟုတ်ပေမယ့် သူ့အပိုင်လိုနေလာခဲ့တဲ့ နှစ်တွေက နည်းနည်းနောနောမှ မဟုတ်ခဲ့တာ။ ခုမှ တကယ့်မြေးအစစ်က ဆက်သွယ်ရခဲ့လို့ ကနေဒါကို သွားခေါ်နေတယ်တဲ့လား။ မနက်ဖြန် ရောက်လာတော့မယ် ရွှေမင်းသားလေးအစစ်ကို ကြိုဆိုဖို့ မနက်တည်းက တစ်အိမ်လုံး အလုပ်တွေ ရှုပ်နေကြတယ်။ လေးနှစ်သားကတည်းက မွေးစားခဲ့တဲ့ ဟန်ဘင်းဘဝကတော့ မနက်ဖြန်ကစပြီး ရှုပ်ထွေးမှု့တွေ အတိလာတော့မယ်။ ဟန်ဘင်း သက်ပြင်းကို မှုတ်ထုတ်လိုက်တယ်။ အိပ်မပျော်မှာ သေချာနေတာမို့ အိပ်ဖို့လည်း မကြိုးစားချင်တော့ပါ။ အရာရာကို လက်ခံနိုင်ဖို့ကြိုးစားလေ မဆုံးရှုံးချင်လေမို့ ဆော့မက်သရူး မင်းမပေါ်လာရင် ကောင်းမယ်။

မပေါ်လာစေချင်ပေမယ့်လည်း တကယ်တမ်းလေဆိပ်ကို သွားကြိုလိုက်ရတော့ သူပဲ ဖြစ်ရတယ်။ ဘိုးဘိုးက မလိုက်နိုင်တာမို့

“မြေးကြီး ညီလေးကို သွားကြိုမလား”

ဘိုးဘိုးတောင်းဆိုချက်ကို ဟန်ဘင်း မလိုက်လျောဘဲ မနေနိုင်ပါ။ သူ မှတ်မိတဲ့ အရွယ်ကတည်းက မှတ်ဥာဏ်အပိုင်းအစတိုင်းမှာ ဘိုးဘိုးက သူ့အတွက်ဆို အရာရာဖန်တီးပေးခဲ့တာမလား။ မွေးစားအဖိုးဆိုတာကို မမှတ်မိနိုင်လောက်အောင်ထိ ကောင်းပေးခဲ့တဲ့ အဖိုး မဟုတ်ပါလော။ မြေးအစစ်ပေါ်လာတော့ ဘိုးဘိုးလည်းသူ့သွေးသား သူ့မြေးကိုတော့ ချစ်မည်သာ။ ဟန်ဘင်းနားလည်တာ လက်ခံပေးနိုင်တာတွေက ဘိုးဘိုးဘက်အခြမ်းကဖြစ်ပေမယ့် သူ့ဘက်မှာတော့ ဘိုးဘိုးအချစ်တွေက သူတစ်ယောက်တည်းအပိုင်မဟုတ်တော့ဘူးဆိုတဲ့အသိကလည်း ခါးသက်နေတာ အမှန်ပင်။ အရင်က “ငါ့ြေ့မး” လို့ခေါ်တဲ့ ဘိုးဘိုးက ခုတော့ “မြေးကြီး” တဲ့လေ။ ဟန်ဘင်းစိတ်ရှုပ်ထွေးကာ လေဆိပ်ကိုသာ ထွက်ခဲ့လိုက်ရတယ်။

Only you deserve it my love (မင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်)Where stories live. Discover now