script 2

344 50 5
                                    

လွန်ကဲလာတဲ့ စိတ်တချို့ကြောင့် ဆော့ဂျင်စိုးရိမ်မိသွားသည်။ လိုတာထက်ကိုပိုပြီး သံယောဇဉ်တွေ ငြိတွယ်နေမိပြီး weekend တွေဆို မျှော်တတ်နေပြီ။ တစ်ကိုယ်တည်းနေလာတဲ့သူမို့ ဂရုစိုက်တာခံရတော့ဒီလိုမျိုးဖြစ်မှာပါဆိုပြီး တွေးနေပေမယ့်လည်း စိတ်ကလက်မခံချင်။ ဒါပေမဲ့လည်း ဘယ်လိုမှမဖြစ်နိုင်တာကြောင့် ဆော့ဂျင်ရှောင်လွဲဖို့သာ ဆုံးဖြတ်လိုက်သည်။ ပထမဆုံး သူလုပ်ရမှာက Date!

တစ်ညလုံးနီးပါး ရွေးချယ်ထားတဲ့ ကောင်မလေး။ သူနဲ့အဆင်ပြေမယ်ထင်တာပဲ စကားပြောကြည့်ရတာတော့အဆင်ပြေပါတယ်။

ချိန်းထားတဲ့ ကော်ဖီဆိုင်ရှေ့ရောက်တော့ ပြန့်နေပြီးသား အင်္ကျီကို ထပ်ဆွဲဖြုန့်ကာ ရှက်ကိုးရှက်ကန်းနဲ့ဝင်ရပြန်သည်။ အသက်နှစ်ဆယ်ကျော်သည်အထိ blind date ဆိုတာကို အခုမှနဖူးတွေ့ဒူးတွေ့ကြုံရတာဖြစ်သောကြောင့် နည်းနည်းတော့ ရှက်သလိုလို။

"ဒီက ယွန်းအာ လား"

ဆံပင်တို့ကို စုစည်းထားတာ ဂါဝန်အဝါရောင်လေးကိုဝတ်လို့ထားသည်။ မနေ့ညကပြောထားသည်ပဲ သူဂါဝန်အဝါလေးဝတ်လာမယ်လို့။

"ဟုတ်ပါတယ် အဲ့ဒီဘက်က ဆော့ဂျင်ရှီးးး"

"Nae အကြာကြီးစောင့်လိုက်ရလား ယွန်းအာ"

"ဆယ်မိနစ်လောက်ပါပဲ"

စစတွေ့ချင်း ခဏသာစိတ်ကသိကအောက်ဖြစ်ရပေမယ့် မိနစ်အနည်းငယ်ကြာတော့ အဆင်ပြေလာသည်။ ယွန်းအာက သွက်သွက်လက်လက်ရှိတဲ့ မိန်းကလေးမျိုးပဲ။

"‌ကင်ဆော့ဂျင် ဒါဘာလုပ်နေတာလဲ"

"ဟင်"

ကြားလိုက်ရသော ခပ်ကြိတ်ကြိတ်အသံကြောင့် နောက်လှည့်ကြည့်မိတော့ ဂျောင်ကု။ ကူးကူးကို လက်တစ်ဖက်ကချီထားကာ သူ့ကိုစိုက်ကြည့်နေပုံက ဒေါသထွက်နေမှန်းသိသာသည်။

"အမေ့ကိုပြောတော့ ခင်ဗျားက ကျွန်တော်တို့သားအဖကိုပဲ လိုချင်တာဆို အခုကဘာလဲ ဘာလုပ်နေတာလဲ သားနဲ့ကျွန်တော့်ကိုထားခဲ့ဖို့ စဉ်းစားနေတာလား"

ဂျောင်ကု စကားအဆုံး လက်ထဲက ကူးကူးကထငိုကာ ပါးစပ်ကလဲ ပါးပါးချီ ပါးပါးချီဆိုပြီး ရှိုက်မတတ်အော်ငိုနေတာမို့ ဘာမှမစဉ်းစားနိုင်ပဲ အမြန်ထကာ ကူးကူးကိုချီပြီး ပြန်ထိုင်လိုက်သည်အထိ ဂျောင်ကုက မတ်တပ်။ ရှေ့က ယွန်းအာကလည်း အခြေအနေကို ကြောင်ကြည့်နေကာ ဘာမှနားလည်ပုံမရ။ ရှင်းပြချင်ပေမယ့် ဆော့ဂျင်ကိုယ်တိုင်ကိုက ဘာမှန်းတောင်သိလိုက်တာမဟုတ်။ ရိပ်မိသွားတဲ့ ဂျောင်ကုက ကလေးကိုပြန်ခေါ်ကာ ကားထဲမှာစောင့်နေမယ်ဆိုပြီး ထွက်သွားသည်။ ကူးကူးလေးကလဲ သူ့ပေါင်ပေါ်ကဆင်းဆင်းချင်း ယွန်းအာနားကိုလျှောက်သွားကာ

Safe area [Short Stories-]Where stories live. Discover now