Storyဆန်ဆန်လေးသွားမှာပါ။ယုံတမ်းပုံပြင်၊ ကလေးပုံပြင်၊နတ်သမီးပုံပြင် typeလိုပုံစံမျိူးမို့အဆင်မပြေရင်မဖတ်ပါနဲ့။
🎄🎄🎄🎄
ခရစ်စမတ်သစ်ပင်အောက်က မီးရောင်ဝါကျင့်ကျင့်အောင်မှာ ထိုင်နေတဲ့ကောင်လေးတစ်ယောက်။ ခရစ်စမတ်ပင်ဘေးနားမှာ ဘာလက်ဆောင်ပစ္စည်းမှလည်းရှိမနေသလို ခရစ်စမတ်သစ်ပင်မှာလဲ ဘာဆုတောင်းစာရွက်မှကပ်မထား။
"ဟယ်လို"
"ဟုတ်ကဲ့မမေ့ပါဘူး"
ဖုန်းထဲကဆရာဝန်ရဲ့လှမ်းသတိပေးသံကိုကြားပြီးနောက် သက်ပြင်းယဲ့ယဲ့ချမိသည်။ စိတ်ရောဂါအထူးကုနဲ့သူပြနေရတာ သုံးနှစ်ရှိနေပြီ။ ဒါပေမဲ့သုံးနှစ်တိုင်တိုင်ဘာမှထူးခြားမလာခဲ့ဘူး။ ညတိုင်းအိမ်မက်ဆိုးတွေကမက်နေဆဲပဲ။ ညတိုင်းကြောက်လန့်တကြားနဲ့နိုးထနေရဆဲပဲ။ long coat ကိုဝတ်လိုက်ကာ မာဖလာပါိထပ်ဆောင်းဖတ်လိုက်ပြီး အပြင်သို့ထွက်လာခဲ့သည်။ ဒီနေ့ဟာအကုန်လုံးရဲ့နားရက်ပေမယ့် သူ့ရဲ့ရက်ချိန်းသွားရမယ့်ရက်။ ဆရာဝန်နဲ့ဆွေးနွေးရမယ့်ရက်။
"ဝင်ပါဗျ"
ဆရာ့အိမ်တံခါးကိုခေါက်လိုက်တော့ ဆရာကပြုံးပြကာအိမ်ထဲကိုခေါ်သည်။ လက်ထဲက ဝယ်လာတဲ့ လက်ဆောင်ကို ဆရာ့သားလေးကိုပေးခဲ့လိုက်ပြီး သူရဲ့ရောဂါအကြောင်းဆွေးနွေးဖို့လုပ်သည်။ အတော်ကြာစကားပြောပြီးတာနဲ့ သူ့စိတ်တွေအနည်းငယ်သက်သာလာသလိုရှိလာသည်။
"ထမင်းစားသွားဦးလေ ကလေးရယ်"
ဆရာ့အမေရဲ့အတင်းတိုက်တွန်းမှုကြောင့် ညစာကို ဆရာတို့အိမ်မှာပဲစားဖြစ်သွားသည်။ သုံးနှစ်တိုင်ဒီဆရာဝန်နဲ့ပဲကုလာတာကြောင့် ဆရာ့အိမ်ကလူတွေနဲ့လည်းသူရင်းနှီးနေပြီဖြစ်သည်။
"ကလေးရဲ့အခြေအနေဘာထူးလဲ သား"
ဆရာကခေါင်းခါပြတော့ ဆရာ့အမေကမျက်နှာညှိုးသွားသည်။ အချိန်ကြာလာတော့ မေတ္တာတရားကြီးမားတဲ့အဘွားဟာ သူ့ကိုသနားချစ်နဲ့မြေးတစ်ယောက်လိုချစ်နေပြီဖြစ်သည်။တစ်ခါတစ်လေတကူးတက သူ့အိမ်ကိုဟင်းတွေပို့ပေးတတ်သေးသည်။
YOU ARE READING
Safe area [Short Stories-]
ContoThis era is only for kookjin 🤍 If you don't like you can skip this ! Thanks. 12/11/22_ on the quiet 12/24/22_ a Knotty problem 1/19/23 & 030523_ script