Chapter 2

170 31 0
                                    

(zawgyi)

"ခေါင်းထဲ ကျည်ဆန်ဝင်သွားရင် တစ်ခါတည်း သေသွားမှာလေ။ ဘယ်လိုလုပ် ဖြေနိုင်တော့မှာလဲ?"

နှုတ်ခမ်းလေးစူကာ သူ့ကို ရွဲ့ပြောလိုက်တဲ့ Donghyuck က ခုနတုန်းက ကြောက်လန့်ပြီး ငိုနေခဲ့တာ မဟုတ်တဲ့အတိုင်း။

"ဘာ? အေး ... အဲ့တာဆိုလည်း မင်းကို အခြားပြည်က သူခိုးလို့ပဲ မှတ်ယူပြီး ဒီမှာတင် ဇာတ်လမ်း ဖျတ်ပေးလိုက်ရုံပေါ့။ ခိုးမှုရဲ့ ပြစ်ဒဏ်က ဘာလဲဆိုတာ မင်းလည်း သိတယ်မလား?"

Eir-Wen မှာ ရာဇဝတ်မှု သေးသေးလေးကအစ ဘာနေနေ ဘာမှ မစာနာ မထောက်ထားဘဲ အကုန် သေဒဏ်ပဲ ပေးတာမို့လို့ ခိုးမှုဟာလည်း ခြွင်းချက် မဟုတ်ဘူးလေ။

"ကျ-ကျွန်တော် တောင်းပန်ပါတယ် အရှင့်သား။ သေလောက်တဲ့ အပြစ်ကို ကျူးလွန်မိပါတယ်။ ဒါ-ဒါပေမယ့် ..."

တစ်ဖန်ပင် စကားစကို ရပ်တန့်လိုက်ပြီး အကြောင်းရင်းကို မဖြေပြန်တဲ့ ကောင်လေးကြောင့် Minhyung သက်ပြင်းတို တစ်ချက်သာ ချမိတော့၏။

"အကြောင်းက ဘာလဲ? သုံး အထိ ရေလို့မှ မဖြေရင် ကိုယ့်လက်က မတုန့်ဆိုင်းဘူးနော်။ တစ် ... နှစ် ... သ -"

"သူငယ်ချင်းက အရမ်း နေမကောင်းဖြစ်နေလို့ပါ!"

ရေလို့ ဆုံးခါနီးမှာပင် Donghyuck က မျက်လုံးစုံမှိတ်ကာ အော်ဖြေလိုက်ပေမယ့် ထိုအခါမှာပဲ သူ့မျက်ရည်တွေကလည်း ဒလဟော စီးကျလာ၏။

"သူ-သူငယ်ချင်းက နေမကောင်း ဖြစ်နေတာ တစ်ပတ်လောက် ရှိနေပြီ။ အစေခံချုပ်ကြီးကလည်း ဆေးဖိုး မပေးလို့ဆိုပြီး လျစ်လျူရှုထားတယ်။ ဒီညမှ ဆေးမသောက်ရရင် J-Jisung လေးက ဘယ်လိုမှ ခံနိုင်တော့မှာ မဟုတ်ဘူး ..."

ကောင်လေးက ဖြေရင်းကို ရှိုက်ရှိုက်ပြီး ငိုနေတော့ Minhyung လည်း ဘာလုပ်ရမလဲ မသိတတ်တော့။

"မင်းကို ဒီဆေးပင်က အဖျား သက်သာစေတယ်လို့ ဘယ်သူက ပြောလို့လဲ? ဒီအပင်က ဘာအပင်လဲဆိုတာရော သိရဲ့လား?"

သူ့ရဲ့ အမေးမှာတော့ Donghyuck က မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း ခေါင်းငြိမ့်ပြပါ၏။

behind the castle's walls {markhyuck}Where stories live. Discover now