(zawgyi)
အရုဏ်တက်ခါနီးဆိုပေမယ့် မှောင်နေဆဲဖြစ်တဲ့အချိန်ကြီးမှာ သိုလှောင်ရုံဘက် ထလာရတဲ့ Donghyuck က ယိုင်တိုင်တိုင်နဲ့ပင်။
Jisung ရဲ့ အဖျားက ဆေးတိုက်ပြီးတာတောင် တော်ရုံနဲ့ မကျလို့ တစ်ညလုံး သူနဲ့ Renjun တစ်ယောက်တစ်လှည့်စီ ရေပတ်တိုက်ပေးကာ စောင့်ကြည့်ခဲ့ရတော့ လုံးလုံး မအိပ်နိုင်ခဲ့ဘူးလေ။
သို့ပေမယ့်လည်း ခုနက သူ မထွက်လာခင် ကလေးရဲ့ နဖူးကို တစ်ချက် စမ်းကြည့်လိုက်တဲ့အခါမှာတော့ သိသိသာသာ ကျသွားတဲ့ ကိုယ်အပူချိန်ကြောင့် တော်တော်လေး စိတ်သက်သာ ရသွားပါ၏။
လူကိုယ်တိုင်ကတော့ အလုပ်ပင်ပန်းတာရယ်၊ ညမအိပ်ရတာတွေရယ် ပေါင်းပြီး စုတ်ပြတ်နုံချာ ချုံးချုံးကျနေပြီဆိုပေမယ့်လည်းပေါ့။
သိုလှောင်ရုံကို ရောက်တဲ့အခါမှာတော့ တံခါးကို Donghyuck တွန်းဖွင့်လိုက်လျှင်ဖွင့်ချင်းပင် သူ့မျက်နှာတည့်တည့်ကို လာရိုက်ခတ်တဲ့ ဖုန်တို့က အလုံးလိုက်။
"အဟွတ် ... အဟွတ် ... ဘယ်လောက်ရှင်းရှင်း သိုလှောင်ရုံက အမြဲ ဖုန်ထူလိုက်တာ"
သို့သော်လည်း သူ ရေရွတ်လို့တောင် မဆုံးသေး၊ ဖုန်တွေ အနည်းငယ် ရှင်းသွားတဲ့အခါမှာ ကွင်းကွင်းကွက်ကွက် မြင်ရတဲ့ ကောက်ရိုးပုံကြီးကြောင့် နီးရာတိုင်နဲ့သာ ခေါင်းပြေးဆောင့်ချင်တော့၏။
တစ်စည်းပေါ်မှာ တစ်စည်း ဆင့်ထပ်ထားတဲ့ ထိုကောက်ရိုးပုံကြီးက ဧဝရတ်တောင်အလား။
"ငါတော့ ဒီနေ့ သေတော့မှာပဲ ..."
ခဏနေ အစေခံခေါင်းဆောင် လာကြည့်လို့မှ ပြီးအောင် မလုပ်ထားရင် ဘိုးတော် လက်ချက်နဲ့ အသက်ပျောက်ဖို့က သေချာနေပြီမို့လို့ Donghyuck စိတ်ပျက်လက်ပျက်နဲ့သာ ကောက်ရိုးပုံဆီ လျှောက်သွားလိုက်ပါ၏။
ညည်းညူချင်သော်လည်း အမြန်ဆုံး ပြီးအောင် လုပ်ဖို့က ပိုအရေးကြီးနေတာမို့လို့ ကောက်ရိုးနှစ်စည်းကို ပုခုံးတစ်ဖက်ဆီပေါ်မှာ သူ ထမ်းလိုက်ကာပင် မြင်းဇောင်းဆီ ပြေးရတော့၏။
သူ မြင်းဇောင်းဘက် ရောက်တော့ မြင်းစာကျွေးတဲ့ အစေခံတွေကတောင် မနှိုးကြသေးပေ။ ထားနေကျ ထောင့်တစ်နေရာမှာပဲ ကောက်ရိုးစည်းတွေကို Donghyuck ချလိုက်ကာ သိုလှောင်ရုံဘက် တစ်ဖန် ပြေးရပြန်၏။
![](https://img.wattpad.com/cover/341349630-288-k255553.jpg)
YOU ARE READING
behind the castle's walls {markhyuck}
Fanfic(zawgyi) "အဆင့်အတန်းတွေကို ဘေးဖယ်ထားပြီး ဒီအတိုင်း မင်းနဲ့ကိုယ်ပဲ ဆိုရင်ရော ..." (unicode) "အဆင့်အတန်းတွေကို ဘေးဖယ်ထားပြီး ဒီအတိုင်း မင်းနဲ့ကိုယ်ပဲ ဆိုရင်ရော ..." main: markhyuck language: burmese start: 6.6.2023 end: