Chapter 6

151 25 8
                                    

(zawgyi)

"အဲ့မှာ ကိုယ့်ကို ထိုင်စောင့်နေ ကြားလား? စာရွက်စာတမ်းတွေ ကြည့်စရာရှိလို့"

မသေချာ မရေရာသော အကြောင်းပြချက်ကို Minhyung ပေးမိရင်းပင် ကတ္တီပါသား ထိုင်ခုံရှည်တစ်ခုမှာ ထိုကောင်လေးကို ထိုင်ခိုင်းလိုက်တော့ သူ့ကို ပြူးပြူးပြဲပြဲလေး ကြည့်နေပြန်၏။

"အာ ... ကျွန်တော် ဒီအတိုင်းပဲ ရပ်ပြီး -"

သို့သော်လည်း အထဲ မဝင်ဘဲ တံခါးပေါက်နားမှာတင် တွန့်ဆုတ်စွာ ရပ်နေခဲ့တဲ့ Donghyuck က ငြင်းဖို့လုပ်၏။

"ထိုင်လို့ဆိုနေ ပေတူးရာ။ စာဖတ်တာ ကြာမှာမို့လို့ ပြောနေတာ"

နောက်ဆုံး စိတ်မရှည်တဲ့ သူကပဲ ကျေးဇူးရှင်လေးကို လက်ကောက်ဝတ်ကနေ ဆွဲခေါ်ကာ ထိုင်စေရတော့တာပေါ့။

သို့ပေမယ့်လည်း ထိုင်ခိုင်းချင်ဇောကြီးနေတော့ ထိုအခါမှာ ဘာကိုမှ သတိမမူမိဘဲ သူ့နှုတ်ကနေ မရည်ရွယ်စွာ ပြောမိလိုက်တဲ့ နာမည်လေး။

ထိုသို့ ထူးထူးဆန်းဆန်း ခေါ်လိုက်မိတာကို Donghyuck သတိမထားမိလိုက်ဖို့ သူ မျှော်လင့်ပေမယ့်လည်း ကောင်လေးက သေချာကို ကြားလိုက်တဲ့ပုံပါပဲ။

"ဟင်? ကျွန်တော့်ကို ပေတူးလို့ ခေါ်လိုက်တာလား?"

မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာကာ ရန်ထောင်သဖွယ် ပြောလာတဲ့ ထိုကောင်လေးက ကြားလိုက်ရတာကို မယုံနိုင်သလို။

"ဟုတ်တယ်လေ။ ကိုယ့်မျက်နှာနဲ့ အင်္ကျီကိုလည်း ပြန်ကြည့်လိုက်ဦး"

အပေါ်ကို ညွှတ်ကွေးချင်နေတဲ့ နှုတ်ခမ်းပါးတွေကို Minhyung ထိန်းချုပ်ကာ ခပ်တည်တည်နဲ့ပင် ပြန်ပြောလိုက်တော့ Donghyuck ရဲ့ မျက်စောင်းက ဒိန်းခနဲ။

သို့သော်လည်း ကောင်လေးက အညိုရောင် ပြောင်းနေပြီဖြစ်တဲ့ သူ့အင်္ကျီဖြူလေးကို ငုံ့ကြည့်တဲ့အခါမှာတော့ ရဲတက်လာတဲ့ နားရွက်ဖျားလေးတွေ။

"အဲ့-အဲ့တာက ကျွန်တော် အလုပ်လုပ်နေရင်းကနေ ပေကုန် -"

"အဟမ်း - ဆေးပင် ခိုးတုန်းက"

စကားမဆုံးခင်မှာပင် သူ ချောင်း တစ်ချက် ဟန့်လိုက်ကာ ခပ်တိုးတိုး ဖြတ်ပြောလိုက်တော့ Donghyuck ရဲ့ နှုတ်ခမ်းပါးတို့က တင်းစေ့သွားပါ၏။

behind the castle's walls {markhyuck}Where stories live. Discover now