Chapter 7

135 21 1
                                    

(zawgyi)

"အိပ်ရေး ဝပြီလား?"

အိပ်မက် ကမ္ဘာကနေ Donghyuck နှိုးထလျှင် ထချင်းပင် ရင်းနှီးနေပြီဖြစ်တဲ့ ခပ်ဩဩ မေးသံက နှုတ်ဆက်လျက်။

သူ မြန်မြန်ပင် မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်ပေမယ့်လည်း မျက်နှာအနားကို လာထိုးနေတဲ့ နေပြောက်ကြောင့် ဘယ်သူမှန်း သိပ်မသဲကွဲ။

အိပ်ချင်မူးတူးဖြစ်နေတဲ့ သူ့ပုံစံကြောင့် ထင်ပါရဲ့၊ ထိုလူသားထံက ရယ်သံတိုးတိုးက တစ်ဖန် ထွက်ပေါ်လာ၏။ 

ထိုအခါမှာတော့ မျက်နှာတည့်တည့်ကို ရေခဲရေနဲ့ အပတ်ခံလိုက်ရသလို Donghyuck ရဲ့ အသိစိတ်က ချက်ချင်း ကပ်၏။

နှလုံးသားမှာ စွဲကျန်နေပြီဖြစ်တဲ့ ထိုရယ်သံကို သူက ဘယ်လိုလုပ် သတိမထားမိဘဲနေမလဲ?

သို့ပေမယ့် ထိုသို့ စိတ်နဲ့ကိုယ်နဲ့ ကပ်သွားတဲ့အချိန်မှာပဲ Minhyung ကို သေချာ ကြည့်မိတော့ သူက ထိုလူသားရဲ့ ရင်ခွင်ထဲမှာ။

"ဘုရားသခင်! တောင်း-တောင်းပန်ပါတယ် အရှင့်သား!"

စောင့်ခိုင်းထားကို အိပ်ပျော်သွားတဲ့အပြင်၊ ခန္ဓာကိုယ်ချင်း နီးကပ်နေလွန်းတဲ့ အခြေအနေကြောင့် ကြောက်အားလန့်အားနဲ့ပင် Donghyuck  မတ်တပ်ထရပ်လိုက်တော့ Minhyung ရဲ့ မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားခဲ့၏။

"ဘာအတွက် တောင်းပန်နေရတာလဲကွာ? ကိုယ် မေးတာကို အရင် ဖြေပါဦး"

အရှင့်သားက ခပ်အေးအေးသာ မေးရင်းပင် အနားကို လျှောက်လာခဲ့တော့ သူ့မှာ ခေါင်းကို မဖော်ရဲ၊ ထိုနေရာမှာပင် ကျောက်ရုပ်ကြီးအတိုင်း ရပ်နေမိပါ၏။

"ဟု-ဟုတ်။ အရှင့်သား ကျေးဇူးကြောင့် ကောင်းကောင်း အိပ်ပျော်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ် အရှင့်သား ..."

အခါတစ်ရာလောက် ဦးညွှတ်လိုက်ပြီးပင် သူ ပြန်ဖြေတဲ့အခါမှာတော့ Minhyung ဆီက ခပ်တိုးတိုး ရယ်သံလေးသာ ထွက်ပေါ်လာ၏။

"ခဏလောက်ပဲဖြစ်ဖြစ် မင်း အနားယူဖြစ်ခဲ့ရင် ရပြီ။ ကိုယ်ရော ပူနေသေးလား ... စမ်းကြည့်ရအောင်"

သို့ပေမယ့်လည်း ထိုလူသားက ပြောရင်းဆိုရင်းကို သူ့နဖူးပေါ် ရောက်လာတဲ့ လက်ဖဝါးနွေးနွေးကြောင့် ချက်ချင်းပင် နီမြန်းလာခဲ့တဲ့ Donghyuck ရဲ့ ပါးပြင်လေးနှစ်ဖက်။

behind the castle's walls {markhyuck}Where stories live. Discover now