Chapter 9

165 25 1
                                    

(zawgyi)

ဒီကျဉ်းမြောင်းလှတဲ့ နေရာလေးမှာ ပုန်းနေမိတဲ့ သူတို့နှစ်ယောက်က ရင်ဘတ်ချင်းပင် ထိကပ်လုဆဲ။

မသိသာပေမယ့် အတူ ယှဉ်ရပ်လိုက်ရင် မတိမ်းမယိမ်းလေး ကွာနေတဲ့ အရပ်ကြောင့် အခုလို အခြေအနေမျိုးမှာတော့ Donghyuck ရဲ့  ဝင်သက်ထွက်သက်ဟာ သူ့ရဲ့ ပါးပြင်ကို ညင်သာစွာ လာရိုက်ခတ်လျက်။

"အရှင့်သားက ဘယ်ပျောက်သွားတာလဲ မသိဘူး။ ခုနက သေချာပေါက် ဒီဘက်ကို ပြေးသွားတာပါ"

အစောင့်တွေရဲ့ ခြေသံပြင်းပြင်းတို့က သူတို့ကို ကွယ်ထားတဲ့ နံရံအနားမှာတင် ရပ်တန့်သွားတဲ့အခါမှာတော့ Minhyung သတိမမူမိစွာပင် ကောင်လေးကို ပိုပြီး သူ့နား ဆွဲကပ်လိုက်မိပါ၏။

သို့သော်လည်း ထိုအချိန်မှာ ကံကောင်းစွာပဲ တစ်စုံတစ်ယောက်ရဲ့ အော်သံကြောင့် အခြားတစ်ဖက်ကို ပြေးသွားခဲ့တဲ့ အစောင့်တွေ။

"ဟိုဘက်ကို သွားရှာကြဟေ့!"

ကရောသောပါး သွားခဲ့ကြတဲ့ ခြေသံတွေ ဝေးသွားပြီဆိုတော့မှ သူ သက်ပြင်းသဲ့သဲ့လေး တစ်ချက် ချမိတော့၏။

သို့ပေမယ့် ထိုအခါမှပဲ အသိတရားက Minhyung ကို ဖြတ်ရိုက်သလို ...

ပြောခဲ့တဲ့အတိုင်း တစ်ချိန်လုံး ငြိမ်ငြိမ်လေး နေပေးတဲ့ Donghyuck က သူ့ရဲ့ ရင်ဘတ်နားက အင်္ကျီစလေးကိုပင် ခပ်ဖွဖွ ဆုပ်ကိုင်ထားပြီး ရင်ခွင်ထဲမှာ ရောက်နေသည်လေ။

"အရှင့်သား ... ဘာများဖြစ်လို့လဲ?"

အစောင့်တွေ ပြေးသွားတဲ့ဘက်ကို ခေါင်းလေးပြူကြည့်နေရာက သူ့ဘက်ကို လှည့်လာပြီး မေးတဲ့ ကောင်လေးက ရုတ်တရက် ဖြစ်ပျက်သွားတာဆိုတော့ တော်တော်လေး စိုးထိတ်သွားပုံ။

"ထွက်ပြေးလာတာ ... မယ်တော့်ဆီကနေ ..."

ကောင်လေးရဲ့ ခေါင်း ဘေးနားက နံရံကို လက်တစ်ဖက်ထောက်ကာ အမှီပြုလိုက်ပြီးပင် နား အနား တိုးကပ်ကာ Minhyung ဖြေလိုက်တဲ့အခါမှာတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ပြူးကြည့်လာပါ၏။

"ဟင်? ဘာလို့လဲ?"

"ပျင်းလာလို့လေ ... စကားပြောရတာ"

behind the castle's walls {markhyuck}Where stories live. Discover now