Part - 2

220 11 7
                                    

"ခခရေ ခခရေ"

"ရှင့် မိုမို "

"အေးမိုးတောင်လာပြီဘဲ အဖွားကော သတ်သာရဲ့လား"

"သတ်သာပါတယ် အကိုလေးရဲ့ အေးမိုး ခခလေးစားဖို့ သရက်သီးသုပ်လာတယ်"

"မိုမိုကယဲ မျောက်သီးပါဆို သရက်သီး ဟုတ်ပါဘူးဆို" နှုတ်ခမ်းတစ်ထော်ထော်ဖြင့် အေးမိုးကို ရန်တွေ့နေသော ခခပါရယ်

" ဟုတ်ပါပြီရှင့် မင်းသမီးလေးရဲ့ မျောက်သီး သုပ်လေးမြည်းကြည့်ပါအုန်း "

"ဆိုးဂွဒ် မိုမို"(So good)

"ဒါအကိုလေးအတွက်"

"အားနာစရာ အေးမိုးရေ နောက်ဘေးက ရေကန်နားမှာ ၃လုံး ရှိသေးတယ် အဲ့တာ ပြန်ရင် ယူသွား အိမ်ကြ သုပ်စားပေါ့"

"ဟုတ်ကဲ့အကိုလေး"

"ပါးပါး ခခ မမနဲ့ သွားဆော့တော့မယ် တာ့တာ့"

"ကောင်းကောင်းဆော့နော် သမီး"

"ဟုတ်ကဲ့ပါးပါး"

ညာဏ်ခလဲ သမီးနဲ့အေးမိုး သွားထွက်ဆော့တာကြည့်လိုက်ပြီး ခြံစာရင်းများကို ဆက်လုပ်နေလိုက်သည်

"ဟူး ရောက်ပြီဘဲ လာကြိုတဲ့သူ မတွေ့ပါလား "

နေပူ ချွေးထွက်နေပင်မဲ့ ထိုမျိုးသားရဲ့ ခံ့ညားမှုက တစ်စက်က‌လေးမှ လျှော့မသွားပါ တွန့်ကျိုးနော်တဲ့ မျက်ခုံးမွှေတွေကစ ကြည့်ကောင်း‌နေသည်

"ဟို ဒီကအကိုက ရွှာကို တာဝန်လာထမ်းဆောင် တဲ့ဆရာလေးလားဗျ"

"ဟုတ်ပါတယ်"

"အဲ့ဆိုတက်ဗျ"

"ဗျာ ဒီဟာလား"

"ဟုတ်တယ်လေ ဆရာလေးရဲ့ ဆရာလေးက ဆိုင်ကယ်ပေါ် မတက်ချင်လို့ ဘယ်တက်မှာလဲ "

"တက်မယ် ခရီးဆောင်အိတ်ကရော"

"ကျုပ်ပေးဗျ"

ထိုလူက  ခရီးဆောင်အိတ် ဆွဲယူပြီး ဆိုင်ကယ် ရှေ့ကြားထဲ ထည့်လိုက်သည် ရွာလမ်း တစ်လမ်းလုံးလမ်း ကတော့ကြမ်း သလားမမေးနဲ့ ဖင်တောင်အောင့်တယ် မိန်းမမယူချင်လို့ အမေဆီက နေပြေးလာလို့ ဒဏ်ခံရတာ ထင်တယ်

ရှမ်းတောင်တန်းပေါ်မှာ မောင်နဲ့ငါWhere stories live. Discover now