"မမ မမ"
"ဟင် နန်းမိုး "
"မမ မျက်ရည်တွေကျနေပါလား"
"ဪ မျက်စိထဲ အမှုန်ဝင်သွားလို့ပါ နန်းမိုး"
"ဟုတ်လား နန်းမိုးကြည့်ပေးမယ်လေ"
*နီးကပ်လာတဲ့ မျက်လုံးဝိုင်းလေးတွေ ဒိတ် ဒိတ် ဒိတ် ဟင်ဒါ ဒါရင်ခုန်တာလား မဖြစ်နိုင်တာ ဒါက*
"နန်းမိုး ဖှုန်ဝင်တာရသွားပြီ ဖယ်တော့နော် ခိုင်နားခြင်လာလို့"
"ဟုတ်ကဲ့ပါမမ ထမင်းစားချိန်ကြ နန်းမိုးလာခေါ်ပါမယ်"
"ကောင်းပြီနန်းမိုး"
ခိုင်ခဏနားလိုက်သည် သူ့ဒီနေ့စိတ်ပင်ပန်းလာတယ်မဟုတ်လား။ မမရယ် မျက်ရည်မကျပါနဲ့ လားမမ မျက်ရည်ကျရင် နန်းရင်ဘက်တွေက အောင့်အောင့်လာတယ်။
_________________________"ခခရေ သမီးရေ ခခ ခခ"
"မနက်မိုးလင်တာနဲ့ ဒီကလေးဘယ်ရောက်သွားမြန်းကို မသိပါဘူး"
"ခခ သမီးတစ်ယောက်ထည်းလား ပါးပါးကော"
"ပါးပါးက အိမ်မာယေ ခခက ပါးပါးချားဖို့ မျောက်သီး ယိုက်ခူးနေရာ"
"ဟုတ်လားပြပါဦး ဦးဦးကို မျောက်သီး"
"ဒီမှာယေ ၂ယုံးထည်းရသေးတာ"
လက်ထဲက သရက်သီးတွေကို ထိုးပြလာသော ခခရယ်ပါ လင်းမြတ်ပြုံးမိသည် ဒီကလေးသာသူ့ရဲ့သွေးသားစစ်ဆို ဘယ်လောက်ကောင်းမှလဲ။
"လာဦးဦးကူခူးပေးမယ်နော်"
"ဦးဦးတကယ်ပြောတာလားဟင်"
"တကယ်ပေါ့ဗျာ"
"ယေး"
လင်းမြတ် ခခအတွက်သရက်သီး ၅လုံးခန့်ထပ်ခူး ပေးလိုက်သည်။
"ယေး များရီးဘဲရတွားဘီ"
"ဟားဟား ဟုတ်ပါပြီကွာ လာအိမ်ပြန်ကြမယ် ခခပါးပါးကို သွားပေးကြမယ်"
လင်းမြတ်ခခကို ပွေ့ချီပြီး
"ဦးဦး"
"ဗျာ"
"ဦးဦးသာ ခခဒယ့်ဒီဖြစ်ရင် ဘယ်လောက်ကောင်းယိုက်မယဲ"
"ခခ ဒယ်ဒီကို ခခမြင်ဖူးလို့လား"