ဒေါက်တာ ဆရာလေး ဒေါက်တာ"
".."
"ဟေ့လူ ခေါ်နေတာ မကြာဘူးလား"
ခုံးရိုက်လိုက်မှ အသိဝင်လာသောသူ ပိတောက်ရောင် တစ်ယောက်သူ ရှေ့ကဆရာဝန်ဆိုတဲ့ သူကို စိတ်မရှည်တော့ပါ ဘယ်နှယ့်ဗျာ ခေါ်ရတဲ့သူက အသက်ထွက်မယ် ရွာကဒါ်ဘုတ်မနွားကြီး မီးမဖွားနိုင်လို့ငိုင် နေတဲ့ရုပ်နဲ့ လူကိုရှေ့မှာ ရှိလားတောင် မမြင်ဘူး မောင်တစ်ယောက် ရေပြာအိုင်လာလည်ရင်း ခြေထောက် အဆူးဆူးလို့ ရွာဆေးပေးခန်း ဝင်ပြပါရဲ့ ကိုယ့်က သူဘဲပြန်ကုပေးရမဲ့အဖြစ်
"ဗျာ ဪအင်း လူနာဘာဖြစ်လို့လဲဗျ"
"တော်သေးတာပေါ့ဗျာ အသက်ရှိ သေးလို့ မဟုတ်ရင် ကျုပ်ကရွာသူကြီးပြေးခေါ်တော့မို့"
"တောင်းပန်ပါတယ် ကျွန်တော်အ တွေးလွန်းသွားလို့ပါ "
"ပိတောက်လေး ဆေးရပြီလား ကိုကိုကကြာလို့ လိုက်လာတာ"
"ဆေးကမရသေးဘူးဟီး ကိုကို"
"ဒီကလူနာ ကုတင်ပေါ်တက်လိုက်ပါ"
"ဘာဖြစ်တာလဲ လူနာ"
" ကိုကိုက ခြေထောက်ကို အဆူးဆူးမိတာပါ အဲ့တာ အဆူးထုပ်ပြီး ဆေးလိမ်းပေးပါ ဆေးကသိတယ် မဟုတ်လား ဆေးအဝါရည်လေ"
လင်းမြတ်သူရှေ့ကလူကို စိတ်မရှည်ခြင်တော့ပါ သူကဆရာဝန်လား ကိုယ်ကဆရာဝန်လားမသိဘူး စောစောက ညက ကိစ္စစဉ်းစားရင်း ခေါင်းရှုပ်တာတစ်မျိုး
"ဒီမှာလာ ဒီနားလာရပ် ရော့ပြီး နားကျပ်လေးတပ်လိုက် ဂျူတီကုဒ်လေးပါ ဝတ်လိုက် ရပြီကုတော့"
ပိတောက်တစ်ယောက် ၅စက္ကန့်လောက်ကြောင်သွားသည်
"ပိတောက်လေး ဒေါက်တာကုပါစေ လာကိုကိုဘေးကို နော်"
ပိတောက်ဆရာဝန်ကို သူ့ရဲ့ ပစ္စည်း တွေပြန်ပေးကာကိုကိုနားရပ် နေလိုက်သည်
*ဟူး ဘယ်နှယ့်လူနာ တွေပါလိမ့်*
"ကျွန်တော် အဆူးနှုတ်ပြီး ဆေးထည့်ပေးလိုက်ပါမယ် ဆေးပုံမှန်ထည့် ပေးပါ အနာကပ်လဲ အသစ်လှဲပေး နော် "
"ဟုတ်ကဲ့ပါ ဒေါက်တာ ဘယ်လောက်ကျလဲ မသိဘူး"
"ရပါတယ် မပေးပါနဲ့"