"Hello မား"
"သားဘာတွေ လျှောက်လုပ်နေတာလဲဟမ် စေ့စပ်ပွဲကို ဖြတ်မယ်ဆို ဒါကလေးကစားစရာမဟုတ်ဘူးနော်"
"မား စိတ်လျှော့သားညနေ မန္တလေးကိုဆင်းလာမယ် မားကို အဲ့ကြအကုန်ပြောပြမယ်နော် ခုတော့ သားလုပ်စရာရှိလို့ ဒါဘဲနော်"
လင်းမြတ် ဖုန်းဆက်ပြီးတာနဲ့ ကျောပိုးအိတ်ထဲ လိုအပ်တာတွေထည့်လိုက်တယ် သူညနေကြ မန္တလေးဆင်းမယ် မဟုတ်လား မဆင်းခင် သမီးနဲ့ အကိုကို့ နှုတ်ဆက်သွားရမယ်။ သူကြီးကိုတော့ ကိုမင်းမောင်ကို ကျိုးကြောင်းပြောခိုင်းခဲ့ရမယ်။
"ဪ ကိုမင်းမောင် ပြန်လာတာနဲ့ အတော်ဘဲဗျ"
"ဘာမြန်းလဲ ကိုလင်းမြတ်ရဲ့"
"ဒီလို ကျွန်တော်ညနေကြ မန္တလေးကို ဆင်းရမယ်ဗျ"
"ဘာရေးကိစ္စများရှိလို့လဲဗျ"
"ဒီလိုပါ မိသားစုကိစ္စလေးဗျ အဲ့တာသူကြီးကို အကျိုးကြောင်းပြောပေးပါဗျ ကျွန်တော် အလွန်ဆုံးကြာ၁ပတ်ဘဲဗျ"
"ရပါတယ်ဗျ ဂရုစိုက်သွားဦး ကျွန်တော်တော့ ပျင်းနေတော့မှာဘဲ အဖော်မရှိတော့"
"ကျွန်တော်အမြန်ပြန်လာခဲ့ပါမယ် ခုတော့ ရွာထဲခဏသွားအုန်းမယ်"
လင်းမြတ်လဲ ကိုမင်းမောင်နဲ့ စကားပြောပြီး အကိုစီသာအမြန်လာလိုက်တော့သည်။
"ညီလေး အကိုရှိလားဟင်"
"ဟင် ဘယ်ကအကိုလဲ အကိုမရှိဘူး"
" အကိုပါဆို အကိုညာဏ်လင်းခ"
"ဪအကိုလေးလား ရှိတယ်ဗျ ဒါနဲ့ ဒီကဘာကိစ္စ"
"ရှိတယ်မဟုတ်လား ဖယ်တော့"
မိချောင်းမသားက အတော်လျှာရှည်တယ် ဒီမှ အကို့ကိုလွမ်းလှပါပြီဆို သူကတစ်မျိုး။
"အကို"
"ညီ ဘာကိစ္စရှိလို့လဲ"
"လာပြန်ပြီ ကိစ္စရှိမှလာရမှာလားဗျ"
"မဟုတ်ပါဘူး"
"ကျွန်တော် မန္တလေးဆင်းမို့ တစ်ပတ်လောက်တော့ကြာမယ် လွမ်းနေနော်"
"ဟုတ်လားဂရုစိုက် ဟုတ်ပါပြီ"
"တကယ်လွမ်းနေမှာလား"