လင်းမြတ် နိုးလာတော့ ညနေသို့ရောက်နေပြီ ရေချိုး ဝတ်စားလဲကာ ကိုမင်းမောင် ရှိရာအခန်းဘက်သို့ ကူးလာလိုက်သည်
"ကိုမင်းမောင် ကျွန်တော်ဝင်ခဲ့မယ်နော်"
" လာလာ ကိုလင်းမြတ် "
"ရွာထဲလိုက်ပြမယ်ဆိုလို့"
"ဟုတ်တယ်ဗျ ကျွန်တော်အခုဘဲလာခေါ်တော့မို့"
"အဲ့ဆို သွားရအောင်လေ"
"ရွာကတော့ ရှမ်း - ဗမာ ကပြားတွေနေတာများတယ် ဓနု ပအိုစ့်တို့လဲ ရှိတယ် ရွာတောင်ပိုင်းက တောင်ပေါ်မှာ ရှမ်း ဘုန်းကြီးကျောင်းနဲ့ ဗမာဘုန်းကြီးကျောင်းရှိတယ်ဗျ အဲ့ကနေဆင်းလာတဲ့ လမ်းက အရမ်းလှတယ်ဗျ တစ်လမ်းလုံး ချယ်ရီပင်တွေနဲ့ ဝေဆာနေတာ လမ်းကလဲ မြေနီလမ်းဆိုတော့ "
"ရွာလေးကအေးချမ်းလိုက်တာ"
"ရွာကအေးချမ်းတာ ရှေးရိုးဆွဲအယူတွေ ရှိနေတော့ ခက်သားဗျ"
"ဒီလိုပါဘဲဗျာ အစွဲဆိုတာ ချွတ်မရတာကို"
"ကဲဗျာလာ ဆက်ပြမယ် ရွာမြောက်ပိုင်းမှာကြ ပြောင်း ကော် ရှမ်းဆန် ခရမ်းချဉ်သီး ပဲပုတ်တို့ စိုက်ပျိုးခင်းတွေရှိတယ်ဗျ ရွာက တစ်ချို့အိမ်သူတွေက မီးရှိသလို တစ်ချို့နေရာတွေကြ မီးမရှိဘူး "
"ကော်ဖီခြံရှိလား ဒီရွာမှာ"
ရုတ်တရက်ထမေးလိုက်သော ကိုလင်းမြတ်စကားကြောင့် မင်းမောင်ကြောင်သွားသည်
"အော်ရွာထိပ်မှာ ရှိတယ်ဗျ ခြံနာမည်က For in Love တဲ့ အဲ့တာ ခခတို့ပိုင်တာလေ "
" ဟိုနေ့လည်ကတွေ့လိုက်တဲ့ ကလေးမလေးပိုင်တာလား"
"ဟုတ်တယ်ဗျ သူ့ပါးပါးရဲ့ ဘိုးဘွားပိုင်ခြံလေ အဲ့တာ"
"ဒါဆို အဲ့ဘက်ကိုသွားရအောင် အဲ့ကနေ ကော်ဖီမှုန့်ဝယ်ချင်လို့ဗျ"
"ဆရာလေး ဆရာလေးရေ လုပ်ပါအုန်း ဟိုဘက်ရွာကကောင်တွေနဲ့ လမ်းလှိုင်တို့ ရန်ဖြစ်လာကြတာ ကွဲပြဲလို့ဗျ"
သာအေးက အော်ပြီးပြေးလာပြီး ပြေးလာပြောတာ သူခဗျ အသက်တောင်လုရူနေရတယ်