ချသွားသော ဖုန်းကို အတန်စိုက်ကြည့် နေမိသည်။ အကိုက ခခလေးကို တစ်ယောက်ထည်းမွေးတာ ခခလေး အသက်က အကိုနဲ့ သူနဲ့ ကွဲကာ သွားတဲ့ ကာလနဲ့တူနေတယ် ဒါဆို ခခလေးက ကိုယ့်သမီးမြန်း ဖြစ်နေမှလား။ အကိုမှာ မွေးရာပါ သားအိမ်ပါတာ မြန်းလား။ တကယ် ခခလေး သူ့သမီးဆို အကိုက သူကိုဘာလို့ မဆက်သွယ်တာလဲ။ ကိုယ်ဘာလုပ်သင့်လဲ အကို။"ဆရာလေး ကျုပ်ကို ခေါ်တယ်ဆို"
"ဟုတ်တယ် ကိုသာအေးဗျ လူတစ်ယောက်ကို သွားကြိုစေ ခြင်လို့ပါ"
"ဟာအဲ့တာက ရတယ်ဗျ ဆရာလေး ကျူပ်သွား ကြိုလိုက်ပါမယ် "
"သူနာမည်က နေနွယ်ခိုင်တဲ့ ပုံကဒီပုံ မှတ်မိရဲ့လားဗျ"
"ရတဲ့ဆရာလေး ကျုပ်နဲ့ မိမိုသွားကြိုလိုက်ပါမယ်"
"သူနေဖို့နေရာကို သူကြီးစီ ကူညီတောင်းထားမို့ ကြိုပြီး သူကြီးအိမ်ကိုသာ ပို့ပေးပါ"
"ဟုတ်ကဲ့ပါ ဆရာလေး"
သားအေးထွက်သွားပြီး သူလဲအကို စီသို့ ထွက်လာလိုက်သည်။ တစ်ညတာ မှားယွင်းမှုက သူ့တွက် အိမ်မက်ဆိုးလိုဘဲ သူတာဝန်မယူဘဲ ပြစ်ပယ်ခဲ့တဲ့ အကိုဟာ သူထင်ထားတာထက် ပိုသန်မာနေတယ် ဒါအပြင် သမီးလေး တစ်ယောက်ပါမွေးထား သေးတယ်။ ရီရတယ်နော် ကိုယ်တိုင် ချနင်းခဲ့တဲ့ ပန်းလေးဟာ တောင်ပေါ်မှာ လာပြီး ဆက်လက်ရှင်သန် ပွင့်လန်းနေသည်။
______________________"ဒီမှာ မမ"
ခိုင် ကိုကိုလာကြိုမှာ စောင့်နေရင်း ဘေးက ကောင်မလေး လာခေါ်သည် ကြောင့်လှည့်လိုက်သည် မြန်မာဝတ်ဆုံလေးနှင့် ဆံပင်ကို ကျစ်ဆံမီးစည်းထားပြီး သစ်ရွှတ်ပုံဖော်ထားသည့် သနပ်ခါးလူးထားပြီး ပုပုလုံးလုံးနဲ့ ကောင်မလေးကို တွေ့လိုက်သည်။
"တို့ကို ခေါ်တာလား"
"ဟုတ်ပါတယ်မမ မမက ဆရာလေးညာဏ်လင်းမြတ် လာကြိုခိုင်းလိုက်တဲ့ ဧည့်သည် မဟုတ်လားဟင်"
"တို့က ကိုကိုရဲ့ ဧည့်သည်မဟုတ်ဘူး ကိုကိုရဲ့ဇနီးလောင်း"
"အာ ဆရာလေးက ဇနီးလောင်းလို့ တော့မပြောလိုက်ဘူးရှင့် "