အချိန် စက်ဝန်း⏰
^^^^^^^^^^^
အပိုင်း-12ကုတင်နားသို့ ခြေလှမ်း စိတ်စိတ် လေးများဖြင့် ...
မျက်နာတွင်လည်း ဒေါသတွေ စိတ်ပျက်မှုတွေ စုပုံလျှက်ပင် .
ကုတင်ပေါ်တွင် မိန်းမတစ်ယောက် ရှိုက်ကြီး တစ်ငင် ငိုနေသေးသည်။
ဘေးခုံပေါ်က ရေခွက်ကို ယူလိုက်ကာ နှစ်ရှိုက်စွာ အိပ်ပျော်နေသော လူကြီးရဲ့မျက်နာကို ပက်ပစ်လိုက်လေသည်။*အား ဘသူလည်းကွာ အိပ်နေတာကို *
သခင် မျက်လုံးမဖွင့်သေးဘဲ လူကသာအရင်ထကာ အော်နေသည်။
လက်ခုံဖြင့် မျက်လုံးကို ပွတ်ကာ ဖွင့်ကြည့်လိုက်တော့ အခြေနေတွေက ထင်ထားသလို မဟုတ်ခဲ့။သခင့်ဘေးမှာ တပတ်ရင်ချားနှင့် မိန်းမတစ်ယောက်
ရှေ့တွင်လည်း ဒေါသမျက်ဝန်းတို့ဖြင့် စူးနစ်စွာ ကြည်ြနေသော ချစ်ရသူကလေး။
ဘာတွေဖြစ်ကုန်လည်း သခင် မသိတော့ပါ။*ကလေးလေး ကိုယ် ကိုယ် မဟုတ်ဘူး
ကလေး ကလေး**ဘာမှ လာမခေါ်နဲ့ မုန်းတယ် ရှင့်ကို မုန်းတယ် အရမ်းမုန်းတယ် အဟင့်ဟင့်*
ဖြန်း.......
သခင့် ပါးတစ်ဖက် ပူကျစ်သွားရသည်။
သူမလေး သူ့ကို မုန်းသွားပြီလား လက်ရှိအခြေနေနဲ့က ရှင်းပြလို့လည်း ဘာမှ ထူးမည်မဟုတ်ပေ။စိတ်တွေကို လျှော့လိုက်ကာ လက်ရှိပြသနာ အရင်ဖြေရှင်းရမည်ဖြစ်သည်။ သူမလေးနဲ့ ကိစ္စကတော့ နောက်မျ ဖြည်းဖြည်း ချင်း ရှင်းပြရမည်ဖြစ်သည်။*ကလေး တစ်ခုတော့မှတ်ထား ကိုယ်က ကလေးကလွဲရင်
ဘယ်ကောင်မကိုမှ မိန်းကလေးလို့ မမြင်ဘူး
ကိုယ့်ဘဝမှာ ကလေးတစ်ယောက်ဘဲ ချစ်ခဲ့တာ
တစ်သက်လုံးချစ်သွားဖို့လည်း စဉ်းစားထားပြီးသား
အခုတော့ ကလေး ပြန်လိုက်ပါ ကိုယ် ဒီမိန်းမနဲ့ ကိစ္စကို ပြီးအောင်ရှင်းပြီးရင်
ကလေးဆီ လာခဲ့မယ်*ဆု ရိုက်လိုက်သော ပါးလေးတစ်ဖက်က လက်ငါးချောင်းရာကြီး ကျန်နေခဲ့သည်။
ဆု စိတ်ထဲမကောင်းပေမယ့် အဲ့လူကို အပစ်တော့ပေးရမည် ဖြစ်သည်။
ဆု ဘာမှ မပြောတော့ဘဲ အိမ်သို့သာပြန်လာခဲ့လိုက်သည်။*မင်းဘာလိုချင်လို့ ဒီလို လုပ်တာလည်း ပြော *
*မောင်နော် မောင်ဘဲ ညတုန်းကကျ ချစ်တယ်ဆိုပြီး အဟင့်*
![](https://img.wattpad.com/cover/340508170-288-k581993.jpg)
YOU ARE READING
အချိန် စက်ဝန်း(Completed)
Lãng mạnအချိန် စက်ဝန်း ~~~~~~ လွန်းသန့်သခင်...... *သိပ်ချစ်လွန်းလို့ ဆုကို ကိုယ်တော့် အနား ခေါ်ထားတာပါကွာ ဆုသာ ငြင်းမယ်ဆိုရင်တော့ ကိုယ်တော့် နှလုံးသားကို တစ်ခါ ထဲ ယူသွားလိုက်ပါ* ဆုကဋေ...... *ကိုကို ရယ် ဆုက ဧည့်သည်လေ ဒီနေရာမှာ တစ်သက်လုံးနေလို့မှမရတာ တစ်...