part -9

98 1 0
                                    

အချိန် စက်ဝန်း⏰
^^^^^^^^^^
အပိုင်း-9

အရှင် ဘယ်လောက်ထိ ဂရုစိုက်သလဲဆိုရင်
ညအိပ်ချိန် ရေချိုးချိန် အပေါ့ပါး သွား ချိန်တွေသာ ဘေးကခွါသည်။
ကျန်အချိန်များတွင် အိမ်ရှေ့စံ မင်းသားလား ပတ်ကျိ လေးလား
မခွဲခြားတတ်တော့ပေ။ တကယ်ပါ ဆုက ချွဲမယ်မကြံသေးဘူး
အရှင်ကချည်း ချွဲနေတော့သည်။

*ကလေးလေး များများစားနော် ကိုယ် ထိုင်ကြည့်နေမှာ
ဒါတွေ မကုန်သ၍ မထဘူး *

*ကိုကို ကလည်း ဆုဝသွားမှာပေါ့လို့
ဝသွားလို့ ကိုကိုက မချစ်ဆတာ့ရင် ဘယ်လိုလုပ်မလည်း *

*ကိုယ်ချစ်တာက ကလေးရဲ့ အလှပကို ချစ်တာမှ မဟုတ်တာ ကလေးရဲ့
ကလေးလေးရဲ့ ဖြစ်တည်မှု အကောင်းအဆိုး အားလုံးကို ချစ်တာ *

*တကယ်နော် ကိုကို သိပ်ချစ်တယ်...
ဒါနဲ့လေ ဆုက ဒီက မဟုတ်ဘူး တစ်ခြားတစ်နေရာကလာတာ *

*ကိုယ်ထင်တယ် အမူယာ အပြုမူ တွေ ပြောင်းကတည်းက ရိပ်မိတယ် *

*ဆု လေ ဖေဖေနဲ့မေမေကို အရမ်းသတိရတာဘဲ ကိုကိုရယ်
ဟိုတစ်နေ့ကလည်း အိမ်မက် မက်သေး‌တယ်..
အိမ်မက်ထဲမှာ ဆုက သေသွားပြီတဲ့ အဟင့် *

*ကလေးရယ် အိမ်မက်ဆို တာ ပြောင်းပြန်ကောက်ရတယ်ကွဲ့ မှတ်ထားနော် နောက်ကို ဘာအကြောင်းကြောင့်နဲ့မှ မငိုနဲ့ *

ပြောင်းပြန်ကောက်ရတယ်ဆိုသောကြောင့် ဆု အိမ်မက်ကို ပြောင်းပြန်ကောက်လျှင်
ဆုက မသေတော့ဘဲ ပြန်လြိ့ရတယ် ဆိုတဲ့ သဘောလား....
အရှင့်ကိုလည်း မခွဲနိုင်ဘူး ဆုသေလိမ့်မယ် ...

*ကိုကို ပြောင်းပြန်ကောက်လိုက်လို့ ဆုက ပျောက်ကွယ် သွားအုန်းမယ် ဆိုရင်ကော
ဘယ်လိုလုပ်မလည်းဟင် *

*ကလေးရယ် ကလေး ဘယ်နေရာရောက်ရောက် ကိုယ် ရှိနေမယ်နော်
တကယ်လို့ ကလေးက အဝေးဆုံး တစ်နေရာရောက်သွားတယ်ဆိုရင်လည်း
ကိုယ် လိုက်လာမယ်....*

ဒီနေ့တော့ ဆုဘာမှ မတွေးတော့ ဘဲ အရှင့် ရဲ့ ရင်ခွင်ထဲမှာသာ အိပ်လိုက်တော့သည်။မနက်ကျရင် လက်ဆက်ပွဲ ရှိတဲ့ အတွက် ဆု အစောထရအုန်းမည် မဟုတ်လား
မနက်မိုးလင်းလို့ ဆုဘေး ကို ကြည့်လိုက်တော့ ဘေးစောင်းလေး နှစ်ချိုက်စွာ အိပ်နေသော အရှင့်ကို တွေ့လိာက်ရသည်။
နဖူး ကြောလေးတွေ ထောင်ကာ အိပ်နေပုံမာ သိပ်ချစ်စရာကောင်းလှသည်။
ရှည်လျား သော မျက်တောင်လေးတွေကို ဆု လက်ဖြင့် တို့ထိကြည့်နေမိသည်။
နှာတံ စဉ်းစဉ်းလေးကို ကြည့်ရင်း အသဲယားလာသောကြောင့်
နုတ်ခမ်းလေးဖြင့် ငုံခဲလိုက်လေသည်။

အချိန် စက်ဝန်း(Completed)Where stories live. Discover now