part -10

94 3 0
                                    

အချိန် စက်ဝန်း⏰
^^^^^^^^^^
အပိုင်း-10

*ဆု ဘာဖြစ်နေတာလည်း တစ်မနက်လုံး စိတ်နဲ့လူနဲ့ မကပ်သလိုဘဲ
ဘာတွေဖြစ်နေတာလည်း *

*ငါ လေ ငါ ညက အိမ်မက်လိုလို တကယ်လိုလို နဲ့ အချိန်စက်ဝန်းဆိုတဲ့ ဝတ္ထုထဲကိုရောက်သွားခဲ့တယ် သိလား .....နောက်ဆုံး ငါက မြှားပစ်ခံလိုက်ရတယ်
အရှင်က ဘာဖြစ်သွားလည်း မသိဘူး အရမ်းလွမ်းတာဘဲ မိုးရယ် *

*သူငယ်ချင်းရယ် ဒါက အိမ်မက်လေ အရမ်းကြီး ခံစားမနေပါနဲ့
နင့်ကို အရမ်းချစ်တဲ့သူတစ်ယောက် ပေါ်လာအုန်းမှာပါ *

.............

*အစည်းဝေး စမယ် လူစုလိုက် *

*ဟုတ်ကဲ့ သူဌေး *

Smile company ရဲ့ သူဌေး လွန်းသန့်သခင်
အသက် 27 သာ ရှိသေးပေမယ့် လုပ်ငန်းက အောင်မြင်သထပ် အောင်မြင်လာသည်။အရပ် 6ပေ အသား ခပ်ညိုညို နှင့် မိန်းမတွေဆို အရေးတယူမနေတတ်သော
Boy to boy ကြိုက်သည်ဟုပင် အထင်ခံရသော တကိုယ်တည်း လူပျိုကြီး
မိန်းကလေးများ အသည်းစွဲ စေရန် ပိုင်ဆိုင်ထားသော ယောကျာ်းဆန်မှု ....
အရာအားလုံးက လိုချင်တပ်မတ် စရာတွေချည်းသာ။

မနက်ဖြန် မေမေ ခိုင်းထားတဲ့ ကောင်မလေးတစ်ယောက်နှင့် သွားတွေ့ရမည်‌ဆိုသော
အရာကို သူမလုပ်ချင်ပါ ။ဘဝမှာ မိန်းမတွေနဲ့ မပတ်သတ်ဖူးပေမယ့်
ညက အိမ်မက်ကြောင့်တော့ လူက နာကျင်နေရပါသည်။ အိမ်မက်ထဲက ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်ကို သူသိပ်ချစ်တယ်တဲ့ ....
မဖြစ်နိုင်တာတွေ .....ယုတ်တိမရှိတာတွေ ..။

ဟူးးးး....

မျက်ခုံး နှစ်ခုကြားကို လက်မနဲ့ လက်ညိုး သုံးကာ ဖိပြီး သက်ပျင်းသာ အကြိမ်ကြိမ် ချနေမိတော့သည်။
ကလေးကရော ခုချိန် ဘယ်တွေမှာ ရှိနေမလည်း သူပြောခဲ့တာ တစ်ခြားနေရာက လာတာတဲ့ သူ့လိုများ အိမ်မက် ထဲရောက်လာတဲ့သူလား ....သခင် မစဉ်းစားတတ်တော့ပါ။ အလုပ်ကိုတောင် အာရုံမစိုက်နိုင်တဲ့အထိ စိတ်တွေ လွတ်နေရသည်။
တော်ပြီ ရပ်တော့ ဘယ်ကမှန်း မသိတဲ့ သူတစ်ယောက် တမ်းတနေတာ ရူးနေလားကွာ...တောက်။

*သူဌေး အားလုံးအဆင်ပြေတယ်...
အရင်လက company ရှယ်ယာ 20% ထိ ထိုးတတ်လာတယ်
ပြီးတော့ ပစ္စည်းတွေလည်း ရောင်းအားအကောင်းဆုံးထိ မြင့်တတ်ကုန်တယ် သူဌေး*

အချိန် စက်ဝန်း(Completed)Where stories live. Discover now