Part 13

449 47 0
                                    

မိုးလင်းကနေ မိုးချုပ်အချိန်ပိုင်းအလုပ်တွေကိုအမြဲ
တက်ကြွစွာလုပ်ကိုင်ခဲ့သော လီဟာ လုပ်စရာမရှိတော့ အိမ်မှာတော်တော်ကိုပျင်းရိနေသည်။
အိမ်လခ နဲ့စားစရိတ်အတွက်တော့ အရင်ကစုထား
တဲ့ငွေလေးတွေရှိတော့ သိပ်မပူပင်ရ။
ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်း ဝင် သူဌေးမျိုး
ရိုးမှဆင်းသက်လာသော လီဆာ  စားဝတ်နေရေး
အတွက်ပူပန်နေတယ်ဆိုတာ လူတွေသိလျှင်ရယ်လိမ့်
မည်။ အိမ်ပေါ်ကဆင်းတုန်းက အဝတ်တစ်ထည်
ကိုယ်တစ်ခု၊စက်ဘီးတစ်စီးကလွဲ၍ဘာမှမယူလာ။
​ကိုရီးယားမြေသို့အ​ခြေ ချကတည်းက ကိုယ့်ခြေ
ေထာက် ပေါ်ကိုယ်ပဲရပ်တည်ခဲ့သည်။
ဒယ်ဒီနှင့်အစ်ကိုဂျွန်ယောင်းထောက်ပံ့ပေးသောငွေ
များကိုလည်းလက်မခံခဲ့။တစ်ခါတစ်လေတော့
လီဆာတွေးမိသည်။ သူမလေးအတွက်တော့ မာနတွေ
ခဝါချကာ manobanအမွေတွေကိုဆက်ခံ လိုက်
ရင်ကောင်းမလား ။

အတွေးများနေခိုက် အိမ်ရှေ့က ဘဲလ်တီးသံမြည်
လာသည်။ လီဆာတံခါးသွားဖွင့်လိုက်တော့
''အစ်ကိုဂျွန်ယောင်း''

lisa:''လီလီ့အိမ်ကိုဘယ်လိူသိတာလည်း''

JY:''ကိုယ့်ညီမလေးနဲ့ပက်သက်ရင် ဒီအစ်ကိုက မသိ
တာရှိပါ့မလား၊ ဒီမှာ ကြ က်ကြော်နဲ့ဘီယာလည်း
ဝယ်လာတယ်၊အစ်ကိုနဲ့အတူစားရအောင်''

မောင်နှမနှစ်ယောက်ခုံဝိုင်းအပုလေးတွင်ထိုင်ကာ
လီဆာက ကြ က်ကြော်နှင့်ဘီယာများကိုပြင်လိုက်
သည် ။လူကစိတ်ညစ်လို့သောက်ချင်နေတာနှင့်
အတော်ပင်ဖြစ်သွားသည်။

''ရော့ ဒီမှာပေါင်''

ကြ က်ကြော်ဆိုလျှင်ပေါင်သားကိုသာအကြိုက်ဆုံး
ဖြစ်သောသူ့ညီမလေးအတွက် ဂျွန်ယောင်းက ပေါင်
ကိုဖဲ့ပေးသည်။

lisa:''ငါ့အစ်ကိုက အဲ့တာတွေချစ်ဖို့ကောင်းတာ''

JY:''ဘာတွေစိတ်ညစ်စရာရှိလည်း လီလီ၊ ''

lisa:''ဘာမှမရှိပါဘူးအစ်ကို''

JY:''မ လိမ်ပါနဲ့လီလီရယ် အစ်ကိုက လီလီမျကိနှာ
ကြည့်လိုက်တာနဲ့တစ်ခုခုဖြစ်နေမှနိးသိပါတယ်၊
ဘာဖြစ်လိူ့လည်း၊ jennie ရှီးနဲ့အဆင်မပြေလို့လား''

ချစ်ဖူးခဲ့ကြသည် သို့သော် ။Où les histoires vivent. Découvrez maintenant