ဒယ်ဒီပေးတဲ့ဒဏ်ရာကိုကုစားဖို့ ကိုရီးယားကိုထွက်ပြေးလာခဲ့တယ်၊ ခုလည်းjenပေးတဲ့ဒဏ်ရာ
တွေကိုကုစားဖို့ ထိုင်းကို ပြန်ပြေးလာရပြန်တယ်။
တကယ်ပဲ ဘယ်ချိန်ထိထွက်ပြေး နေရဦးမှာလည်း၊
လီဆာတော်တော်မရင့်ကျက်သေးတာပဲ ဟုကိုယ့်ကို
ကိုယ်တွေးမိသည်။ တကယ်ဆိုအသည်းကွဲတာလောက် နဲ့အဝေးကြီးကိုထွက်ပြေးဖို့လိုရဲ့လား။
လိုမလိုတော့မသိ မွေးရပ်မြေထိုင်းကိုတော့ပြန်ရောက်
လာခဲ့ပြီ။''ဆာဝါဒီခ မမလေး ပရီယာ''
လီဆာ၏ထိုင်းနာမည်အရင်းမှာပရာပရီယာမာနိုဘန်
ဖြစ်သည်။ လေယာဥ်ဆိုက်တာနဲ့ လီဆာရဲ့နာမည်
ဆိုင်းဘုတ်ကိုကိုင်ကာ စောင့်မျှော်နေကြသော
ဒယ်ဒီ့ရဲ့တပည့်များဖြစ်ဟန်တူသည့် အနက်ရောင်
အနောက်တိုင်းဝတ်စုံများဖြင့်လူတစ်စု။''သူဌေးမင်းက မမလေးကိုအကြိုလွှတ်လိုက်တာပါ''
lisa:''ဆာဝါဒီခ''
''အိတ်တွေဒီကိုပေးပါမမလေး''
လီဆာတွေးလိုက်မိတာ လီဆာတစ်ယောက်ထဲကိုလာ
ကြိုဖို့ လူငါးယောက်လိုအပ်လိူ့လား၊ တကယ်ပဲဒယ်ဒီ
ကတော့အရင်အတိုင်းပဲ။
လာကြိုသောကားပေါ်သို့လီဆာတက်လိုက်လာသည်။''တကယ့်ကိုမွေးရပ်မြေရဲ့ လေထုကအကောင်းဆူံးပဲ''
ကားတံခါးမှန်ကို ချ၍လီဆာပြောလိုက်သည်။
အပေါ်ကိုမော့ကြည့်လိုက်တော့ အထပ်မြင့်အဆောက်
အဦးများပေါ်မှာ နေရာယူလျက်ရှိသော manoban
အုပ်စုရဲ့ ကြော်ညာဆိုင်းဘုတ်များ။ ထိုင်းနိုင်ငံသား
မှန်လျှင် မာနိုဘန် အုပ်စုကို သိကိုသိရမည်။ကြီးမားလှသောခြံဝန်းကြီးထဲသို့ ကားလေးဟာ
ဖြေးဖြေးချင်းဝင်ရောက်လာသည်။ ခြံထဲကအိမ်ကို
မြင်ရဖို့ဆိုတာအထဲကို ဆယ်မိနစ်လောက်မောင်းပြီး
ဝင်ရသေးသည်။ အထဲကိုရောက်တော့ရဲတိုက်သဖွယ်
ခန့်ညားထည်ဝါလှသောစံအိမ်တော်ကြီး၊
အရှေ့ကိုရောက်တာနှင့်ကားရပ်လိုက်သည်။''မမလေး ပရီယာ၊ သူဌေးမင်းရေ မမလေးပရီယာ
ရောက်လာပါပြီ''ထိုသို့ အိမ်အကူကောငိလေးတစ်ယောက်ကပြော
လိုက်သည်နှင့်အိမ်ထဲက နေအပြေးအလွှားထွက်လာသောလီဆာ့၏အဖေ
VOUS LISEZ
ချစ်ဖူးခဲ့ကြသည် သို့သော် ။
Fanfictionအဲ့ဒီလူရဲ့လက်ကို မင်း ဖမ်းဆုပ်လိုက်ကတည်းက ငါမင်းကိုစွန့်လွှတ်ပြီးသား. . .jen ငါတို့ ဝေးသထက်သာဝေးပါစေ ။