လီဆာ ဆေးရုံမှာတစ်ပတ်လောက်တော့အခြေအနေ
စိတ်ချရအောင်နေရဦးမည်ဟုဆရာဝန်ကပြောသည်။
ဒီတစ်ပတ်အတွင်းမှာNiဟာ လီဆာ့ဆီကိုတစ်ခေါက်
လေးတောင်ရောက်မလာခဲ့ပါ။ အလုပ်တွေမအားလို့
လား၊ နေမကောင်းလို့ပဲလားတော့ လီဆာမသိ။
ဒါပေမဲ့ သတိရလာချိန်မှာလီဆာအရင်ဆူံးတွေ့ချင်
တာNiမျက်နှာလေးကိုပါ။ အတွေ့ချင်ဆူံးမျက်နှာလေး ကို သုံးလေးရက်ကြာသည့်တိုင်မတွေ့ရသဖြင့်
လီ့ဆာစိတ် တို့သည် ညှိုးနွမ်း နေသည်။ပိုလို့ပင်
နေမကောင်း။lisa:''ချယ်ယောင်း ရား Niကဘာလို့ ငါ့ဆီကိုတစ်
ခါတောင်လာမတွေ့တာလည်း''ခုမှနေပြန်ကောင်းကာစ လမ်းလျှောက်နိုင်ရုံ သာ
အခြေအနေရှိသေးသည့် လီဆာက ဆေးရုံ
ပြတင်းပေါက်ဘက်ကိုငေးရင်း ချယ်ယောင်းကိုမေး
နေသည်။ချယ်ယောင်း:''လီဆာရယ် jennieက အလုပ်တွေများ လို့မလာနိုင်တာနေမှာပါဟာ၊ နင်စပြီးဆေးရုံ
ရောက်တုန်းကလေ သူ့ခဗျာ မေ့မလဲရုံတစ်မယ် ငိုရှာ
တာ''lisa:''ဒါဆိုဘာလို့ခုပေါ်မလာရတာလည်း၊
ယောင်း ငါ့ကိုသူ့ဆီဖုန်းခေါ်ပေးစမ်းပါဟာ၊ ငါ့ဖုနိးတွေ ကို သူမကိုင်ဘူး''ချယ်ယောင်း:'' ငါ jisooအွန်နီးကိုမေးပေးပါ့မယ်၊
နင် ကခုထိကောင်းကောင်းနေကောင်းသေးတာ
မဟူတ်ဘူး၊ စိတ်ညစ်စရာတွေမတွေးပါနဲ့ဦး lisaရား
ငါ jennie ဆီကိုဆက်သွယ်ပေးပါ့မယ်''lisa:''သူ တစ်ခုခုဖြစ်နေတာတော့မဟုတ်ပါဘူးနော်
ဒါမှမဟုတ် အရင်တစ်ခါလို သူ့ဖေ ဖေသိသွားလို့
အိမ်ထဲပိတ်မိနေတာများလား''ချယ်ယောင်း လီဆာကိုကြည့်ပြီးသက်ပြင်းပဲချနိုင်
တော့သည်၊ တကယ်လည်း jennie လီဆာသတိ
ပြန်ရကတည်းကဆေးရုံကိုရောက်မလာတာခုချိန်
ထိပင်။ တကယ်ဆို ချစ်သူတစ်ယောက်လုံးသတိပြန်
ရလာတာပဲ၊လာတွေ့ သင့်သည်မဟုတ်လား၊
ဟိူတနေ့ကsomiပြောတာ jen အလုပ်ပြန်ဆင်းနေတယ်တဲ့၊
ဒါဆိုဘာလို့လီဆာ့ဆီမလာရပါသလည်း။ချယ်ယောင်း:''လီဆာ ဆန်ပြုတ်လေးစားလိုက်ဦး
နော်၊ နင်ခဏနေဆေးသောက်ရဦးမယ်''လီဆာဆန်ပြုတ်စားနေစဥ် jisooနဲ့ somiတို့
ရောက်လာသည်။''ထိုင်ကြလေအွန်နီးတို့၊ Niရောမပါဘူးလားဟင်''
VOUS LISEZ
ချစ်ဖူးခဲ့ကြသည် သို့သော် ။
Fanfictionအဲ့ဒီလူရဲ့လက်ကို မင်း ဖမ်းဆုပ်လိုက်ကတည်းက ငါမင်းကိုစွန့်လွှတ်ပြီးသား. . .jen ငါတို့ ဝေးသထက်သာဝေးပါစေ ။