wake up my love

696 55 17
                                    

"ရှန်ချွမ်ရွေ့ လာပါကွာ မင်းပြင်နေတာနဲ့ နောက်ကျတော့မှာပဲ"

ထယ်ရယ်က ရစ်ခီ့ကို စိတ်ဆိုးတိုင်း ရစ်ခီရဲ့ တရုတ်နာမည်အရင်းကိုခေါ်လေ့ရှိသည်။ အခုလည်း ထယ်ရယ်က ရစ်ခီ့အခန်းတံခါးပေါက်ဝမှာ နောက်ကျနေပြီဖြစ်တာကြောင့် ဆူ‌ပုတ်လျက်  လက်ကိုပိုက်ကာ မတ်တပ်ရပ်ရင်း ရစ်ခီ့ကို ကြည့်နေသည်။

"အရမ်းတွေ ရှိုးထုတ်မနေနဲ့ ရှန်ချွမ်ရွေ့ မင်းကို တခြားလူတွေကြည့်ရင် သဝန်တိုတာသိရက်နဲ့"

ထယ်ရယ်က ခေါင်းအစ ခြေအဆုံး အနက်ရောင်ကိုသာ ဝတ်ဆင်ထားပြီး ရွှေအိုရောင်ဆံပင်တွေကို ဂျယ်လ် နဲ့ လိမ်းတင်ထားတဲ့ ရစ်ခီ့ကို ကြည့်ရင်း မျက်ခုံးတွေ တွန့်ချိုးကာ ပြောလာခဲ့သည်လေ။

"ဟောဗျာ သူတို့က ကြည့်လည်း ဘာလုပ်နိုင်မှာမလို့တုန်း ထယ်ရယ်ရဲ့ မောင်က
ထယ်ရယ့် အပိုင်ပဲဟာ"

ရစ်ခီတစ်ယောက် သဝန်တွေတိုပြီး ဘဲပေါက်လေးလို နှုတ်ခမ်းဆူထားတဲ့ ထယ်ရယ့်ကို အသည်းတယားယားဖြစ်ရပြန်သည်။

ဒီနေ့က သူတို့နှစ်ယောက်လုံးရဲ့အလုပ်ပိတ်ရက်ဖြစ်သည်မလို့ ဒိတ်ဖို့ လုပ်ထားခြင်းသာ ။ သို့ပေမယ့်လည်း ရှစ်နာရီတွေ့ဖို့ ချိန်းထားသည်ကို အိပ်ပျော်နေတာကြောင့် ကိုးနာရီထိုးတဲ့ ထိ ရောက်မလာတဲ့ ရစ်ခီကြောင့် ထယ်ရယ့်မှာ
ရစ်ခီရဲ့ အိမ်ထိ ရောက်လာရခြင်းဖြစ်တယ်။

ထယ်ရယ်ရောက်မှ အိပ်ရာကနိုးတဲ့ ရစ်ခီကို ထယ်ရယ်က စိတ်ဆိုးချင်ပေမယ့်လည်း ရစ်ခီကို ချစ်တဲ့ စိတ်က စိတ်ဆိုးချင်တဲ့ စိတ်ထက် ပိုနေတဲ့အခါမှာတော့ ရစ်ခီရဲ့ မောင်လို့ သူ့ကိုယ်သူ သုံးနှုန်းလိုက်တာမှာတင် ထယ်ရယ်က အရည်ပျော်ရပြန်သည်။

"မောင့်ထယ်ရယ် ဒီကို ကြည့်"

နေ့လည်စာ စားချိန် ရောက်တော့မှာမလို့ ရစ်ခီတို့ နှစ်ယောက်က သူတို့ စားနေကြစားသောက်ဆိုင်ကိုသာ ထွက်လာဖြစ်ခဲ့ကြတယ်။ private roomထဲမှာ ဘေးချင်းကပ် ထိုင်ရင်း ရစ်ခီ့ရဲ့ အသံကြောင့် ထယ်ရယ်လှည့်ကြည့်မိတော့ *ရွှတ်* ကနဲ အသံမြည်တဲ့ထိ ရစ်ခီက ထယ်ရယ့်ရဲ့ ဘယ်ဘက်ပါးကို လာနမ်းခဲ့တာပင်။

till' my last breath • shentaerae Where stories live. Discover now