အပိုင်း (၁)

5.6K 233 2
                                    

တိုက်ခန်းတံခါးကို တစ်ချက်တည်းဆွဲပိတ်ကာ သော့ကိုခပ်မြန်မြန်ခတ်လိုက်သည်။ ကျောက်ပြားများကွာနေပြီး တချို့နေရာတွင် အညှိမဲများပင်တက်နေပြီဖြစ်တဲ့ လှေကားကိုနင်းဖြတ်လျှောက်ကာ အောက်ထပ်သို့ရောက်အောင်ဒရောသောပါးပြေးဆင်းလာလိုက်သည်။

အပြင်မှာမိုးဖွဲလေးများ ကျဆင်းနေသေးတာမို့ လွယ်ထားတဲ့အမဲရောင်
သားရေအိတ်ကိုခေါင်းပေါ်မိုးလိုက်သည်။ တိုက်ခန်းရှေ့မျက်နှာစာ မလှမ်းမကမ်းမှာစောင့်နေပေးတဲ့ တန်ဖိုးမြင့်ကားနားဆီသို့ရောက်အောင် အလျင်အမြန် လမ်းကူးသွားလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ စီနီယာ"

ကားတံခါးတွင်းကလူသည် ကားထဲကနေသူ့အတွက်တံခါးဖွင့်ပေးလာပြီး ဖော်ရွေစွာနှုတ်ဆက်လာ၏။

မိုးရေစက်များ နောက်ထပ်မကျရောက်နိုင်အောင် ကားထဲကိုခပ်သွက်သွက်ဝင်ထိုင်လိုက်သည်။ ကားထဲရှိ အဲယားကွန်းသည်ပြင်ပက ရာသီဥတုထက် ပိုအေးနေကာ လူမှာစိမ့်ခနဲဖြစ်သွားရသည်။

"လာခေါ်ပေးလို့ကျေးဇူးပါပဲကွာ မနက်စာစားခဲ့ပြီလား"

သူသည် အပြုံးတစ်ပွင့်နဲ့အတူ ပြန်နှုတ်ဆက်လိုက်သည်။ ကားမောင်းသူနေရာမှာရှိနေသူသည် ထွန်းသစ်စ
ဖြစ်ပြီး သူတို့ရုံးမှာအလုပ်သင်အနေနဲ့ဝင်လာတာ သုံးလပြည့်တော့မဲ့သူဖြစ်သည်။
ထွန်းသစ်စက ကားစက်နှိုးကာ စတီယာတိုင်ကိုဘယ်ဘက်သို့လှည့်ရင်း လမ်းမပေါ်တက်ဖို့ကြိုးစားနေသည်။ ကားမောင်းရင်းနဲ့မှ သူ့ကိုပြန်ဖြေလာသည်။

"မစားရသေးဘူး ကျွန်တော်ဟိုတယ်နားကကော်ဖီဆိုင်မှာပဲ ဝင်ဝယ်ရမှာ"

"အော်"

လေပြေဟန်သည် ထိုတုံ့ပြန်စကားကိုပြောပြီးတာနဲ့ နှုတ်ဆိတ်သာနေလိုက်တော့သည်။ စကားအပိုမဆိုချင်သူမို့ ဤမျှလောက် နှုတ်ဆက်စကားပြောရရင် တော်ပြီဖြစ်သည်။

ယနေ့တွင် သူတို့ရုံးအတွက် အလွန်အရေးပါသော ပွဲတစ်ခုစီစဥ်စရာရှိသည်။ ပွဲစီစဥ်သူအနေနဲ့ လုပ်ငန်းအတွေ့အကြုံများနေပြီမို့ လေပြေဟန်အတွက် စိတ်လှုပ်ရှားစရာမရှိသော်လည်း သူတို့CEOကတော့အလွန်တရာ တက်ကြွလျက်ရှိသည်။ ဒီတစ်ပတ်အတွင်းကို meeting နှစ်ခါထိုင်ပြီး အစီအစဥ်များကို လုံးဝချွတ်ယွင်းချက်မရှိအောင် ပြင်ဆင်ဖို့မှာကြားထားသည်။

လေပြေဟန်Tahanan ng mga kuwento. Tumuklas ngayon