Four

326 47 11
                                    



' MintYJ ရဲ့အသံကိုတအားသဘောကျတာ ဒီလောက်ချိုမြိန်တဲ့အသံပိုင်ရှင်ကိုမြင်ဖူးချင်လိုက်တာ တကယ်ကြည့်ကောင်းနေမှာ ငါလောင်းရဲတယ် '

'အကြာကြီးနေမှ သီချင်းအသစ်လေးနားထောင်ရလို့လားမသိဘူး ငါငိုချင်လာတယ် '

'ငါတို့ YJ nim ကဘာလို့အသည်းကွဲသီချင်းတင်တာလဲ မဟုတ်မှ သူ့ကောင်လေးနဲ့ပြတ်သွားလို့လား . . ဘယ်လိုလူကများ ငါတို့ YJ ကိုထားခဲ့နိုင်တာလဲ '

' အာ ငါဒေါသထွက်လာသလိုခံစားနေရတယ် '

'ငါတို့ YJ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ ငါတို့အတွက်တော့ YJ ကအကောင်းဆုံးပဲ '

MintYJ သည်လူသိမခံသော အဆိုတော်တစ်ယောက် ။ သူ့အကောင့်မှာဂီတနှင့်ပတ်သက်သည်မှလွဲပြီး သူရဲ့ privacy နဲ့ဆိုင်သောအရာ ဘာမှမရှိပေ။ 

ဒါပေမယ့် YJ ကသူ့မှာချစ်သူကောင်လေးရှိတယ်ဆိုတာကိုဝန်ခံထားပြီး come out လုပ်ထားတယ် ။ သူ့ကောင်လေးနဲ့ပတ်သက်ပြီးတစ်စွန်းတစ်စခံစားချက်တွေကိုလည်း မကြာမကြာတင်တတ်တယ် ။

သူ့ကောင်လေးရဲ့  ဆံပင်ဖျားလေးတွေ နားရွက်ဖျားလေးတွေ လက်ဖဝါးခပ်ကြီးကြီးတွေ ပါးချိုင့်ခပ်နက်နက်တွေလို ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ ဝါးတားတားဓာတ်ပုံတွေကို အမြတ်တနိုးတင်ပြီးကြွားတတ်သူမို့ သူ့fan တွေကလည်းအသည်းခပ်ယားယား ။

' ကိုယ့်ပုံကိုယ်မတင်ဘဲ ရည်းစားပုံပဲတင်ပြီးကြူးနေတတ်တဲ့ idol ကိုချစ်ရတဲ့ခံစားချက်ရချင်ရင် YJ ကိုလာကြိုက်လှည့်ပါ ' ဆိုတဲ့စကားကတောင် ခေတ်စားသွားတဲ့ထိပင် ။

YJ ကအင်တာဗျူးဖို့ကမ်းလှမ်းလာတဲ့ မီဒီယာတွေရော စာချုပ်ချုပ်ဖို့ကမ်းလှမ်းလာတဲ့ company တွေကိုရော အမြဲတမ်းငြင်းခဲ့တာမို့ သူ့ပရိသတ်တွေကတော့ နှမြောတသသ ။

//

သီချင်းအသစ်ပို့စ်အောက်က ကောမန့်တွေကိုဖတ်ရင်း မျက်ခမ်းတွေစပ်လာတာမို့ laptop ကိုပိတ်ချပစ်လိုက်ရတယ် ။

မဟုတ်ရင် ငိုချပစ်လိုက်‌မိတော့မှာ ။ အချော့ခံရတဲ့ကလေးတွေက ပိုပြီးငိုတတ်ကြတယ်မဟုတ်လား ။

𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•Where stories live. Discover now