သူဂျွန်းကို စတွေ့ခဲ့တုန်းက အလယ်တန်းပထမနှစ်တက်နေတုန်းပဲရှိသေးတယ် ။
အချစ်ဆိုတာ ဘာမှန်းမသိနားမလည်သေးတဲ့ အရွယ်ထဲက ဂျွန်းကသူ့ဘဝထဲကို ပျော်ရွှင်မှုအပိုင်းအစလေးတစ်ခုအဖြစ်နဲ့ဝင်ရောက်လာခဲ့တာ ။
မွေးထဲက သခင်လေးတစ်ယောက်လိုမျိုး ပုံစံသွင်းခံလာခဲ့ရသူမို့ သူ့မှာကလေးတစ်ယောက်ရဲ့ ပျော်ရွှင်စရာငယ်ဘဝဆိုတာလည်းနတ္တိ ။
အဲဒီနေ့က အလယ်တန်းကျောင်းသားအဖြစ်နဲ့ပထမဆုံးကျောင်းလေ့လာရေးခရီးလိုက်ခွင့်ကို အရေးမပါတဲ့သင်တန်းတွေပျက်မှာစိုးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လက်လျှော့လိုက်ရတာ ။
သူသိပ်ကိုဝမ်းနည်းနေခဲ့တယ် ။ ဒါပေမယ့် အဖေနဲ့အမေအရှေ့မှာသူ့ဝမ်းနည်းခြင်းတွေကိုထုတ်ပြလို့မဖြစ်တာကို အဲ့ဒီအချိန်က ၁၂ နှစ်အရွယ်ချွဲဆူဘင်းက သိနေခဲ့တယ်ဆိုတာ သူအခုထိမှတ်မိနေတုန်းပဲ ။
အဲဒါကြောင့် ကျောင်းမှာပဲစာလေ့လာနေမယ်ဆိုတဲ့အကြောင်းပြချက်ပေးပြီး အသုံးမပြုတာကြာနေပြီဖြစ်တဲ့ ဂီတခန်းလေးတစ်ခန်းရဲ့ ချောင်လေးထဲမှာ တိတ်တိတ်လေးထိုင်နေဖို့ပဲ သူဆုံးဖြတ်ခဲ့တယ် ။
အဲဒီဆုံးဖြတ်ချက်လေးက သူ့ကိုဂျွန်းနဲ့တွေ့ဆုံဖို့ အကြောင်းဖန်ပေးခဲ့တာ ။
ပီယာနိုပေါ်ပြေးလွှားနေတဲ့ လက်ချောင်းရှည်သွယ်သွယ်လေးတွေရဲ့လှုပ်ရှားမှုအတိုင်း ထွက်ပေါ်လာတဲ့သံစဉ်အပိုင်းအစတွေကို ဆယ်နှစ်ကျော်ကြာတဲ့အထိတောင် သူအိမ်မက်မက်နေဆဲပဲ ။
အဲဒီနေ့က ဂျွန်းက သူ့အတွက်ပျော်ရွှင်ခြင်းနတ်ဘုရားငယ်လေးတစ်ပါးလိုပဲ ။
ပြတင်းပေါက်ကဖြာဆင်းလာတဲ့ နေရောင်ခြည်ကြောင့် အဖြူရောင်ကျောင်း အင်္ကျီဝတ်ထားတဲ့ ပါးလျပ်လျပ်ခန္ဓာကိုယ်ငယ်ဟာ ရှိရင်းထက်ပိုပြီးတောင် နုဖတ်နေသယောင် ။
ဖြူလွန်းတာကြောင့် ပန်းနုရောင်သန်းနေတဲ့လက်ဆစ်လေးတွေနဲ့ လက်ချောင်းသွယ်သွယ်တွေက အဖြူအမည်းခလုတ်တွေကိုထိခတ်သွားတိုင်းမှာ မွေးဖွားလာခဲ့တဲ့သံစဉ်တွေနဲ့အတူ အဲဒီလူရဲ့အသံအေးအေးငြိမ့်ငြိမ့်လေး. . . ။
YOU ARE READING
𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•
De TodoThis scene that locked me up , the sequence that's like forever . . .