Six

291 38 9
                                    

ဘတ်ချောအွန်း ကားနောက်ကြည့်မှန်ကတစ်ဆင့်မြင်နေရတဲ့ သခင်လေးရဲ့မျက်နှာအမူအရာကိုကြည့်ရင်း သက်ပြင်းခပ်သဲ့သဲ့ချမိပြန်တယ် ။

သူဌေးကတော်ဆီကနေ သူအရိုက်ခံလိုက်ရတဲ့နေ့ကစပြီး သခင်လေးကအဲဒီအဆိုတော်လေးနဲ့ပတ်သက်ပြီး စကားတစ်ခွန်းမှထပ်မဟခဲ့ပေမယ့်  schedule တွေပြီးတာနဲ့ နေ့တိုင်းလိုလိုဒီနေရာလေးကနေ အဲ့ဒီတိုက်ခန်းငယ်လေးကိုငေးကြည့်နေခဲ့တာ တစ်လနီးပါးရှိနေပြီ  ။

တစ်ခါတစ်လေ အဲဒီအဆိုတော်လေးတိုက်ခန်းအောက်ဆင်းတာလာကိုမြင်ချိန်တိုင်း သခင်လေးကခပ်ဆွေးဆွေးလေးငေးနေရင်းက ပါးချိုင့်ငယ်တွေထင်းနေအောင်ကိုပြုံးနေတတ်သေးတယ် ။

လမ်းလျှောက်တတ်ကာစအရွယ်လေးထဲက သူ့မျက်စိရှေ့ကြီးပြင်းလာခဲ့တဲ့သခင်လေးရဲ့ အပြုံးတွေဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာမှ အတောက်ပဆုံးဖြစ်နေခဲ့တာ ။

ပျော်ရွှင်မှုကိုအမှန်တကယ်ရှာတွေ့သွားခဲ့တဲ့လူတစ်ယောက်လိုမျိုး ။

လှောင်အိမ်ထဲကလွတ်မြောက်ခွင့်ရသွားခဲ့တဲ့ငှက်ငယ်လိုမျိုး ။

အမှောင်ထဲမှာစမ်းတဝါးဝါးလမ်းလျှောက်ရင်း လမ်းပြကြယ်ကိုရှာတွေ့သွားခဲ့သလိုမျိုး ။

အဲဒီအဆိုတော်လေးက သခင်လေးအတွက်အဲဒီလိုဖြစ်တည်မှုဆိုတာကို သူသိနားလည်ခဲ့ရတယ် ။

ကလေးဘဝလေးထဲက သိပ်ကိုနာခံတတ်ပြီး ပူဆာတာမျိုးလည်းမရှိ လူကြီးလေးတစ်ယောက်လိုရင့်ကျက်တဲ့ သခင်လေးဟာတစ်နေ့မှာ ပထမဦးဆုံးပိုင်ဆိုင်လိုတဲ့အရာလေးတစ်ခုရှိလာခဲ့တယ် ။

ပျော်ရွှင်မှုဆိုတဲ့ခံစားချက်လေးကိုသိရှိနားလည်သွားခဲ့တဲ့ သခင်လေးက ပျော်ရွှင်မှုရဲ့ပဲ့ကိုင်ရှင်ငယ်ကို နှစ်ပေါင်းများစွာကြာအောင်အဝေးကနေ တိတ်တခိုးငေးကြည့်နေခဲ့ရုံသာတတ်နိုင်ခဲ့တယ် ။

' ဦးလေးကြီး . . . ကျွန်တော်လေ အဲဒီလူကိုချစ်တာထက်ပိုပြီးမြတ်နိုးခဲ့တာ ။ အဲဒီလူကကျွန်တော့်အတွက်အရာရာပဲ '

လမ်းခွဲခဲ့ပြီးကာစအချိန်တုန်းက ပါတီတစ်ခုမှာမဖြစ်မနေသောက်ရလို့ မူးနေခဲ့တဲ့သခင်လေးရဲ့ ငိုရှိုက်သံသဲ့သဲ့ကိုသူအခုထိမှတ်မိနေတုန်းပဲ ။

𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•Where stories live. Discover now