One year ago . . ."ကျောင်းပြန်တက်ပါလားဟင် "
ဂီတာကြိုးညှိနေခဲ့တဲ့သူ့လက်တွေက မထင်မှတ်ထားတဲ့စကားသံကြောင့်ရပ်တန့်သွားခဲ့ရတယ် ။
"ဘာပြောလိုက်တာ . . "
"ဂီတကိုဒီလောက်နဲ့ရပ်ပြီး တက္ကသိုလ်ပြန်တက်ပါလားလို့လေ "
နားကြားမှားပါစေဆုတောင်းနေခဲ့ပေမယ့် ဒုတိယအကြိမ်မြောက်ထပ်ပြီးအတည်ပြုမိတဲ့ သခင်ငယ်ရဲ့အသံတိမ်တိမ်က သူ့ကိုလှောင်ရယ်နေသယောင် ။
" ဘာလို့လဲ ငါကဘာလို့အဲ့ဒီလိုလုပ်ရမှာလဲဟင်အချစ် "
ဂီတာကိုဘေးချ ခပ်လျှောလျှောထိုင်နေခဲ့တဲ့ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ရင်း သခင်ငယ်ရဲ့မျက်ဝန်းတွေကိုကြည့်ကာမေးတော့ သခင်ငယ်ကသူ့အကြည့်ကိုရှောင်ပစ်သည် ။
"ဂျွန်း . . . ကျွန်တော်မကြာခင် A မြို့ရဲ့ ဝန်ကြီးနေရာအရွေးခံတော့မှာ "
"အဲဒါငါ့ရဲ့အသက်မွေးဝမ်းကျောင်းနဲ့သက်ဆိုင်နေတာလား ငါကနည်းနည်းတုံးလို့ သွယ်ဝိုက်ပြီးမပြောလို့ရမလား ဆူဘင်းနား "
"ဂျွန်း ကျေးဇူးပြုပြီး . . "
စိတ်မရှည်တဲ့လေသံ ။ သခင်ငယ်ရဲ့ဒီလိုအသံမျိုးကိုသူမရင်းနှီးနေလို့လားမသိ တကယ်သဘောမကျပေ ။
" ငါကရှက်ဖို့ကောင်းတာလား ဂီတကမင်းအတွက်ရှက်စရာလား "
". . . "
"ဟင် ဟုတ်လားလို့ "
" ကျွန်တော် ဂျွန်းနဲ့လက်ထပ်ဖို့အထိတွေးထားတယ် ဒါပေမယ့် . . . "
အဲဒီဒါပေမယ့်တွေရဲ့ နောက်ကွယ်မှာ မဖြစ်နိုင်ခြင်းတွေကို ရုတ်ချည်းခံစားလိုက်ရတဲ့အချိန်မှာ သူ့ကမ္ဘာကြီးကအပြိုပြိုအလဲလဲ ။
" လက်ထပ်ဖို့ . . . "
" ဘွဲ့ကောင်းကောင်းလေးတစ်ခုယူပြီး အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်အောင် ကျွန်တော်လုပ်ပေးမယ် အဲ့ဒီအခါကျရင် ကျွန်တော်ရောဂျွန်းရော လူတွေမော့ကြည့်နေရတဲ့နေရာမှာရှိနေကြတာမို့လို့ ကျွန်တော်တို့ လက်ထပ်ကြရင်တောင် ဘယ်သူမှ မကောင်းပြောရဲကြမှာမဟုတ်တော့ဘူးလေ အဲဒါကြောင့် . . . "
YOU ARE READING
𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•
De TodoThis scene that locked me up , the sequence that's like forever . . .