intro

464 32 0
                                    

နွေဦးကာလလိုပဲအလှတရားတွေကပြောင်းလဲသွားတာတအားမြန်လိုက်တာ။
မှတ်မိပါသေးရဲ့ နွေဦးအစကချယ်ရီပင်လေး‌ကိုပေါ့။
ချယ်ရီပန်းတွေလှရက်လိုက်တာ ငေးကြည့်ရုံကလွဲလို့ကျွန်တော်မတတ်နိုင်ခဲ့ပါဘူး။
တစ်ချိန်ဒီပန်းတွေကြွေသွားမှာကိုကျွန်တော်မေ့နေခဲ့ပါရဲ့။
နောက်နှစ်ရောက်ရင်ထပ်ပွင့်မဲ့မျှော်လင့်ချက်လေးတစ်ခုပဲလိုအပ်ခဲ့တာ။

ကျွန်တော်ယုံကြည်ခဲ့တဲ့အကိုက ဒီလိုမဟုတ်တာသေချာပါတယ်
ဘယ်သူတွေဘာပဲပြောပြောကျွန်တော်ကမ္ဘာကြီးမှာတော့ အကိုဟာ
ရိုးသာတဲ့သူ တအားကိုဖြူစင်လွန်းပါတယ် ဖော်ရွေတတ်ပြီး အမြဲကူညီဖေးမပေးတဲ့သူတစ်ယောက်
ဒါတွေကြောင့်ကျွန်တော်စိတ်ယိုင်ခဲ့တာဆို မမှားပါဘူး
အကိုက ပြီးပြည့်စုံတယ် အပြစ်ပြောစရာမရှိအောင် အရာအားလုံးနဲ့တူညီနေတဲ့အကို
တစ်ခါတလေမှာဆို လူကိုရင်ခုန်အောင် လုပ်တတ်တယ့်အကို
အကိုကတော့သူကဖော်ရွေတတ်တဲ့သူမို့ပါတဲ့
သိပ်ဟုတ်တာပေါ့
"ဆောင်းဟန်ဘင်းဆိုတာက ရာဇဝင်ထဲက ပလေးဘွိုင်းကွ"
အချိန်တစ်ခုထိထိုအဆိုကိုကျွန်တော်ငြင်းဆန်နေခဲ့ပေမဲ့
ကျွန်တော်တစ်ယောက်ထဲအတွက်တော့အကိုကတခြားလူတစ်ယောက်လိုဆက်ဆံပေးလို့ အကိုဆိုတဲ့လူကိုမြတ်နိုးမိခဲ့ပေမဲ့
"အကိုကတခြားသူကိုလဲဂရုစိုက်ပေးတာပဲ"
ကျွန်တော့်နှလုံးသားကဒီအဆိုကိုငြင်းဆန်တယ်ဗျ
ပုံမှန်သူငယ်ချင်းတွေကိုဂရုစိုက်ပေးတာလောက်တော့ကျွန်တော်ဘယ်ပြောမလဲ
ဒီတစ်ယောက်အတွက်တော့အကိုက ပုံစံတစ်မျိုးဗျ
ကျွန်တော်ကသတ်သတ်မဲ့အထွန့်တက်နေမိတာပဲ
အကို့အတွက်တော့ ကျွန်တော်ကညီလေးတစ်ယောက်ထက်မပို
"မက်သရူးကလေ အကို့ညီလေးဖြစ်ခဲ့ရင်သိပ်ကောင်းမှာပဲ"
အကိုဒီစကားပြောတိုင်း ကျွန်တော်ရှေ့လျှောက်လက်လျှော့လိုက်ဖို့ကလွဲရင်မမြင်
ဘာလို့ဆို သူညီလေးတစ်ယောက်လိုမမြင်တဲ့သူတစ်ယောက်အပေါ်ဂရုစိုက်မှုတွေစပေးလာကတည်းကပေါ့

ချယ်ရီပန်းနဲ့ကောင်လေးWhere stories live. Discover now