(၄)

135 23 0
                                    

ပုံမှန်ဖြစ်လာပီ

နေ့ရက်တွေက မက်သရူးအတွက်သက်သောင့်သက်သာပြုစဖြစ်လာပြီ

အပူအပင်မရှိမက်သရူးတစ်ယောက်သူ့လောကအသစ်ကြီးကိုနေသားကျလာသလိုလိုပင်

'မက်သရူးတို့ပထဆုံးအတန်းချိန်'

မနက်ပိုင်းမို့ အိပ်ရေးမဝသေးတဲ့လူနဲ့ ခုမှနိုးလို့အသည်းအသန်လာတဲ့လူနဲ့ ခုံပေါ်မှာအိပ်မေတဲ့သူနဲ့အမျိုးမျိူးပါပဲ

မက်သရူးအသားကျနေပြီဖြစ်တဲ့ ပုံရိပ်တစ်ခု
ထိုလူ့ရဲ့ရုပ်ဆင်းအဂ်ါ

စမတ်ကျတဲ့ခန္ဓာကိုယ်အချိုးအစား

သူရောက်လာတဲ့မြင်ကွင်းက ပန်းတွေပဲပွင့်လာသလို သီချင်းသံတွေပဲ ရုတ်တရက်ကြားလာရသလို

ဇာတ်ကားတစ်ခုရဲ့ ကြော်ညာလိုလို

ပျိုတိုင်းကြိုက်တဲ့ကိုနှင်းဆီခိုင်ပါပဲ

ထိုလူတအားကိုခန့်ညားလွန်းသည်

🌸🌸🌸

မက်သရူးတို့တစ်ယောက်မစ်ရှင်ကိုစလေသည်

"အဲ့တစ်ယောက်နာမည်ဘယ်သူလဲ သိလား"

"မင်းကလဲ သူ့ကိုမှမသိရဘူးလို့ ငါပြောတိုင်းမပါမဖြစ် ပလေးဘွိုင်းကြီး ဆောင်းဟန်ဘင်းလေကွ"

လူထူးလူဆန်းဟုမက်သရူးသတ်မှတ်ခဲ့သူက ထိုလူဖြစ်နေခဲ့တာတဲ့လား

"ကိုယ့်ကိုသိပြီမဟုတ်လား"

"မထင်ထားဘူးတကယ်တော့"

"ဘာလို့လဲပလေးဘွိုင်းတစ်ယောက်က မင်းကိုချိုသာပြနေလို့လား မက်ခြူးရဲ့"

"ကျွန်တော်ပြောချင်တာက ခများလိုလူကအသည်းခွဲတတ်တယ်?"

မက်သရူးသိခဲ့သိထိုလူကနွေးထွေးမှုတွေပေးမဲ့နေမင်းကြီးလိုလူတစ်ယောက်လေ
ဘယ်ဖြစ်နိုင်မလဲ

"ကိုယ်ကဒီအတိုင်းနေတာပါ သူတို့ကချစ်မိသွားကြတာလေ ကိုယ်ကတော့လူတိုင်းအပေါ်ကောင်းပေးတာပဲ ဒါနဲ့ပဲကိုယ့်ကိုချစ်ပီး ကိုယ်ကမချစ်တော့ ကိုယ်ကအသည်းခွဲသမားတဲ့လား"

ထိုလူပြောတာလဲမှန်ပါပေသည် သူ့အပစ်မှမဟုတ်ပဲ

"ဟန်ဘင်းဟျောင်းကို ကျွန်တော်ကတော့လူကောင်းလို့မြင်တယ်"

"ဟန်..ဟန်ဘင်းဟျောင်းလို့ခေါ်လိုက်တာမလား ဟုတ်တယ်မလား"

"ကိုယ့်ကိုဟျောင်းလို့ထပ်ခေါ်ပါအုံးလုပ်ပါ"

"ဘာကြီးလဲဗျာ"

မက်သရူးအတွက်ကတော့အခုထိကျင့်သားမရသေးဘူးမို့ ထူးဆန်းနေသေးသည့်အခေါ်အဝေါ်ပင်

မက်သရူးရှက်တာမို့ ထွက်ပြေးဖို့ပင်ဟန်ပြင်လာသည်

မက်သရူးကိုမသွားစေချင်သောထိုလူကမက်သရူးလက်ကိုလမ်းဆွဲလိုက်သည်

အရှိန်နှင့်မို့အနားကိုဆွဲသွင်းလိုက်သလိုလို ဟန်ဘင်းရင်ခွင်ထဲ မက်သရူးတစ်ယောက်ခရီးပေါက်သွားသည်

နီးကပ်သွားတာမို့ စိတ်လှုပ်ရှားမိသည့်အပြင် ထိုလူနဲ့ပါအကြည့်ချင်းဆုံတော့ မက်သရူးတစ်ယောက်
တစ်ယောက်ထဲကမ္ဘာတွေပျက်နေတော့သည်

ခက်မြန်မြန်ပြန်ခွာလိုက်သည်

မက်သရူးရဲ့နားရွက်တွေလဲရဲလို့

"မက်ခြူး"

"..."

"မက်ခြူးလေးကရှက်နေတာများ သူများတွေ့ရင်ကိုယ်ကနမ်းလိုက်တယ်တောင်ထင်နေအုံ့မယ်ကွယ်"

ဒီတစ်ခါတော့မက်သရူးတစ်ယောက်မရတော့အစွမ်းကုန်ပင်‌ထွက်ပြေးတော့သည်

'ကိုယ့်ကိုမင်းဘာလို့ရင်ခုန်နေရတာလဲမက်ခြူးရဲ့'

ချယ်ရီပန်းနဲ့ကောင်လေးWhere stories live. Discover now