(၁)

272 27 0
                                    

တက္ကသိုလ်ပထမနှစ်က ကျွန်တော့အတွက်တော့ အမှတ်တရကောင်းတွေပဲ
ပြန်မရနိုင်တော့တဲ့အချိန်တွေလို့ပြောရင်ပိုမှန်ပါမယ်
ကျွန်တော်က ကနေဒါကလာခဲ့တာဟုတ်ပေမဲ့မိသားစုကကိုရီးယားသွေးစက်တာမို့ ကိုရီးယားဘာသာစကားကတော့အစိမ်းသက်သက်မဟုတ်ခဲ့ပါဘူး
ငယ်ငယ်လေးကတည်းကကနေဒါမှာကြီးပြင်းခဲ့တာမို့ ကျွန်တော့်အတွက်ဝောာ့နေသားမကျသလို စွန့်စားမှုတွေနဲ့ပေါ့
ပန်းချီပညာကိုလေ့လာချင်ခဲ့တာမို့ တစ်ယောက်ထဲအတိုက်အခံလုပ်ပီး တက္ကသိုလ်ကိုလျှောက်ခဲ့တာကကျွန်တော်ပဲလေ
စွန့်စားရမှာပေါ့
ပထမနှစ်ဆိုပေမဲ့ နှစ်ဝက်လောက်မှရောက်လာခဲ့တာမို့  လိုက်မှီအောင်ကြိုးစားရပါတယ်
နဂိုထဲက အရည်အချင်းရှိတာကို ကျွန်တော်ယုံကြည်မှုရှိသလို အမှန်တကယ်လဲကျွန်‌ဝောာ်က တော်ပါတယ်
ရောက်ရောက်ချင်းတော့ ခက်ခဲတယ်ဗျ
ကျွန်တော်ကလူတွေကိုဒီအတိုင်းကြီးသွားနှုတ်ဆက်မဲ့သူမျိုးလဲမဟုတ်
မဖော်ရွေဘူးဆိုတာထက် ကျွန်တော်ကိုကလူမှုဆက်ဆံရေးအားနည်းတဲ့သူမို့
ဘယ်လောက်ပဲတစ်ယောက်ထဲဖြစ်ဖြစ်ကျွန်တော့်အတွက်ကတော့ပန်းချီတစ်ခုနဲ့တင် တစ်နေ့တာပြည့်စုံနေသလိုလို
"ဟူးပထမဆုံးနေ့ကိုတော့ဖြတ်ကျော်နိုင်ခဲ့ပီ"
တစ်ယောက်ထဲပဲအားကြိုးမာန်တက်ပေါ့
ချယ်ရီပန်းတွေ
မေ့ထားလို့မရတဲ့ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ချယ်ရီပန်းတွေ
ကျွန်တော်ရောက်လာတာကို မိုးနတ်မင်းက ချယ်ရီပန်းတွေနဲ့ကြိုဆိုခဲ့သလိုလိုပင်ထင်မှတ်လောက်မိတယ်
ထင်ကောင်းထင်မှာပါ ယောက်ျားလေးတစ်ယောက်က ဘာလို့ပန်းကိုဒီလောက်တောင်နှစ်သက်နေလဲဆိုတာ
ချယ်ရီပန်းတွေကကျွန်တော့်ရဲ့ အချစ်ဦးဖြစ်ခဲ့တာ
နားလည်ဖို့တော့ခက်ကောင်းခက်မှာပါ

တက္ကသိုလ်အပြင်ဘက်လမ်းတစ်လျှောက်ကချယ်ရီပန်းပင်တွေ
အိမ်မက်လိုပဲ လှပလွန်းတယ်
ငြီးမငွေ့နိုင် မျက်စိမလွှဲနိုင် သဘောကျရတဲ့ဒီချယ်ရီပန်းတွေကို ကျွန်တော်တစ်နေကုန်ထိုင်ကြည့်နိုင်ပါတယ်

🌸🌸🌸

"ဟေး"
ကျွန်တော့်ကိုလှမ်းခေါ်တာဖြစ်နိုင်သည်မို့ကျွန်ဝောာ့်ရဲ့ချယ်ရီပန်းတွေဆီကအကြည့်ကိုခွာရပြီး သူ့ဆီသို့ပြောင်းလဲသွားရတဲ့ကျွန်တော့်ရဲ့အကြည့်တစ်စုံ
ညနေစောင်းပီမို့ နေရောင်ခြည်ဖွာဖွာလေးကျနေသည်ကြားက တောက်ပနေတဲ့ နေမင်းကြီးလိုမျိုး
တိုက်ခက်လာတဲ့လေပြေနွေးနွေးလေးတွေရဲ့ ရိုက်ခက်မှုကြောင့် လှုပ်ယက်သွားတဲ့သူ့ရဲ့ဆံနွယ်တွေ
ပြီးတော့အဲ့ဒီ့အပြုံးချိုချိုလေး
သူကယောက်ျားလေးတစ်ယောက်
"မင်းဒီမှာချယ်ရီပန်းတွေကြည့်နေတာ သတိထားမိလို့"
"..."
"မင်းကိုကိုယ်ပန်းချီဆွဲပေးလို့ ရမလား"
"ဟင်"
သူ့ဘက်မှစကားပြောဖို့ကြိုးစားနေဟန်ရှိသည်
"ကိုယ်ပြောချင်တာက ကိုယ်ကမင်းချယ်ရီပန်းတွေကိုကြည့်ရင်းပြုံးနေတာလေးက လှတာမို့ ကိုယ်ပန်းချီဆွဲပေးချင်လို့ပါ"
ပန်းချီဟုဆိုတာမို့ တက္ကသိုလ်တူတာကိုမက်သရူးတစ်ယောက်သိလိုက်ပါပီ အခန်းတူမတူတော့သူလဲသတိတော့မထားမိ
ပန်းချီစာအုပ်တွေရော ဆေးတံတွေပါအဟုတ်ယူလာပီး အသေအချာကိုဆွဲတော့မည်ဟန်
ကျွန်တော့်ကိုပုံဆွဲပေးတာခံရခြင်းသည် အခုမှပထမဆုံးခံစားဖူးတာမို့ ကျွန်တော်ခံစားချက်တွေကတော့မျိုးစုံးပင်
အာရုံစိုက်ထားပုံရှိတဲ့သူရဲ့ပုံရိပ်က ခန့်ညားတယ် တစ်နည်းပြောရရင်ရုပ်ဖြောင့်သူတစ်ယောက်ပဲ
ချယ်ရီပန်းတွေကနေ သူမသိလိုက်တဲ့အချိန်မှာပင်သူ့အကြည့်တွေကထိုပန်းချီဆရာလေးအပေါ်ကိုရောက်နေမိသည်
ထိုလူရှက်ပြုံးလေးပြုံးသည်
အပြုံးလှတာမို့ ကျွန်တော်ငေးကြည့်မိတာ အပြစ်ဟုမခေါ်
ကျွန်တော့်ရဲ့ခံစားချက်တွေကတောင်းတတာသာဖြစ်လိမ့်မည်
"မင်းအဲ့လိုကြည့်နေတော့ကိုယ်ကဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်ဆွဲနိုင်မှာလဲကွဲ့"
ထိုလူ ခနခန 'ကိုယ်' ဟုသုံးနှုံးနေခြင်းက သူ့ကိုရင်ခုန်စေမိတာအမှန်
ယောင်္ကျားလေးချင်းပြောတာပဲ သူကဘာလို့ဒီလိုသုံးနှုံးနေမှန်းမသိ
ထိုလူရဲ့လက်ချောင်းတွေကတော့ဆေးတံတွေနဲ့အလုပ်ရှုပ်နေသည်
ထိုဆေးတံတွေကိုချလိုက်ပြီးပန်းချီစာအုပ်လေးကိုင်ကာကျွန်တော့်ဆီကိုလျှောက်လာသည်
"အပြင်ကမင်းလောက်တော့လှအောင်မဆွဲပေးနိုင်ပေမဲ့ မင်းသဘောကျမယ်ထင်ပါတယ်"
လှပါသည် သူ့ပန်းချီ
အမှန်တော့ပန်းချီဆိုတာ လူတစ်ယောက်ရဲ့အမြင်နဲ့ခံစားချက်ပေါင်းစည်းပြီးမှ ဖြစ်မြောက်လာတာမို့
တစ်ယောက်ကအမြင်ချင်းဘယ်တူနိုင်ပါ့မလဲ
"မင်းကချယ်ရီပန်းလေးတွေနဲ့တူတယ်"
ကျွန်တော့်ရဲ့တုံ့ပြန်မှုကတော့ပြုံးပြခြင်းမှအပ မဖော်ပြတတ်တော့ပါ
"ကြည့်ရတာမင်းကကိုယ့်ထက်ငယ်မယ့်ပုံပဲ"
"၁၉နှစ်ပါ"
"နောက်ဆိုကို့ကို ဟျောင်းလို့ခေါ် ကိုယ်ကမင်းထက်ကြီးတယ်"
"ဟုတ်ကဲ့"
ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်တဲ့‌လူချောလေး ဆော့မက်သရူးကို ထိုလူ စိတ်ဝင်စားမိတာအမှန်ပင်
ဒီလိုနဲ့ပဲကျွန်နော့်ရဲ့ပထမဆုံးနေ့မှာတင်လူသစ်တစ်ယောက်ဝင်လာခဲ့ပြီ
နေ့တစ်နေ့ရဲ့အဆုံး မက်သရူးတစ်ယောက် သေသေချာချာကိုအနားယူပေတော့သည်
နောက်တစ်နေ့အတွက်သူအားရှိမှပေါ့

🌸🌸🌸

မနက်နေရောင်ခြည်လေးတွေရဲ့အကြားတောက်ပလန်းဆန်းနေတဲ့ချယ်ရီပန်းရနံ့လေးတွေက လေပြေနဲ့အတူ ဒီအခန်းလေးထဲကိုတိုးဝင်လာတဲ့
သင်းပျံ့တဲ့ရနံ့လေးက မက်သရူးကိုနှိုးလိုက်သလို
တက်ကြွမှုအပြည့်နဲ့ မက်သရူးတစ်ယောက် တစ်နေ့တာကိုရင်ဆိုင်ဖို့အတွက် မျှော်လင့်ချက်အပြည့်နဲ့

ချယ်ရီပန်းနဲ့ကောင်လေးWhere stories live. Discover now