(၅)

151 21 0
                                    

ခိုးခိုးကြည့်တော့လဲသူပါပဲ

ရှက်တာကတော့သူ ပြီးရင်သူကပဲခိုးကြည့်နေတတ်တာမျိုး

ပုံဆွဲနေရင်းထိုလူကိုတစ်ချက်တစ်ချက်ကြည့်ရတာကတစ်လုပ်

အိုမျက်လုံးချင်းမဆုံပါစေနဲ့ဆုတောင်းနေရင်းနဲ့ကို ဆုံမိသွားတယ်

သူခိုးဖမ်းမိသလိုလို စိတ်ထဲမှာ ဖိုးသိုးဖက်သက်တွေကိုဖြစ်လို့

ထိုလူကတော့ ကျွန်တော့်ကိုစနောက်ပြီး ပြုံးစိပြုံးစိဖြစ်နေတော့သည်

မက်သရူးတစ်ယောက်ပန်းချီးထဲကိုပင်စိတ်မရောက်နိုင်အောင် ဘဝတွေပျက်နေတော့သည်

"သူခိုးလေး"

"ဘာလဲ"

"ကိုယ့်ကိုခိုးခိုးကြည့်နေတာဘယ်ကကောင်လေးလဲမသိဘူး"

မက်သရူးရဲ့ဆံပင်တွေကို ထိုလူဖွလေသည်

"ဟာဗျာဘယ်သူကမှခိုးမကြည့်ဘူး တိုက်ဆိုင်တာနေမှာပေါ့ လူကိုစွဲစွဲဆိုဆိုနဲ့"

"ကဲပါမက်ခြူးမကြိုက်ဘူးဆိုမပြောတော့ပါဘူးနောက်မှခိုးကြည့်တုန်း သက်သေဖမ်းထားမယ်"

"ဟာဗျာ"

"လာပါအတူတူကန်တင်းသွားရအောင်"

မုန့်စားဆင်းချိန်မို့သူတို့လွတ်လပ်နေပေသည်

မက်ခြူးတစ်ယောက်လူကသာမလိုက်ချင်သလိုရုပ်နဲ့ ခြေထောက်ကတော့ဆွဲခေါ်စရာတောင်မလို လာပါဆိုကတည်းက သူခြေလှမ်းပြီးနေပီ

အိုမက်သရူးမပြောလဲ မက်သရူးထိုလူ့အပေါ်စိတ်ဝင်စားမှုတွေရှိနေပါပီလေ

🌸🌸🌸

"ဟျောင်း"

"ဗျ"

"ကျွန်တော်အခုတလောဆွဲတဲ့ပုံတွေကအသက်မပါဘူး"

"ခံစားချက်ကအဓိကမက်ခြူးရဲ့ မင်းနှလုံးသားနဲ့မင်းရဲ့လက်ချောင်းတွေကို တသားတည်းဖြစ်စေပြီး မင်းရဲ့ခံစားချက်စည်းချက်အတိုင်းပုံဖော်ပေါ့"

"ဟုတ်ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"

"ကိုယ့်ရဲ့မက်ခြူးလေးကတော်ပါတယ်"

ချယ်ရီပန်းနဲ့ကောင်လေးWhere stories live. Discover now