(၉)

155 21 0
                                    

ဟယ်သာနဲ့ဟျောင်းတို့ပိုရင်းနီးလာကြတယ်

ဘာဆန်းလို့လဲဟျောင်းနဲ့ဆိုလူတိုင်းကခင်လွယ်ကြတာကျွန်တော်သိနေတာပဲ

ဟျောင်းကမက်မက်မောမောနဲ့ ခင်နေတာကိုကျွန်တော်မမြင်ဖူးဘူး

မြင်လဲမမြင်ချင်ခဲ့ပါဘူး

ဟယ်သာနဲ့ဟျောင်းက အကြိုက်ချင်းတူကြတယ်

ပန်းချီဆွဲတဲ့ပုံစံတွေ
ကြိုက်တဲ့သီချင်းတွေ
အစားအသောက်တွေ အစုံပါပဲ

သူတို့နှစ်ယောက်စကားဝိုင်းကအဆုံးတောင်ရှိမယ်ပုံမပေါ်သလို

ဟျောင်းနဲ့ကျွန်တော်အဲ့လိုတွေမပြောဖူးကြဘူး

ကျွန်တော်ကတော့ ဟျောင်းအကြိုက်တွေအကုန်မှတ်ထားသလို လေ့လာထားတာပေါ့

ဟျောင်းကတော့ "မက်ခြူး အကြိုက်ဆုံးအရောင်ဘာလဲဟင်" လို့တောင်ယောင်ပီးမမေးဖူးပါဘူး

ဟျောင်းကမေးဖို့အာရုံမရှိတာလား

မမေးချင်ခဲ့တာလား အတူတူပါပဲလေ

🌸🌸🌸

ဒီနေ့တော့အတန်းချိန်တွေပြီးပီ

တစ်နေ့တာရဲ့အကြိုက်ဆုံးအချိန်ဖြစ်တဲ့ ဟျောင်းနဲ့အတူ လျှောက်သွားရမယ့်အချိန်

မက်သရူးသတ်မှတ်သလိုဆို ဟျောင်းနဲ့ဒိတ်ပေါ့

မက်သရူးမမြင်ချင်ဘူး

ဖြစ်နိုင်ရင်ခြေလှမ်းတွေကိုမက်သရူးပြန်ရုတ်သိမ်းချင်တယ်

မသွားချင်ဘူးဟျောင်း
ဟျောင်း..

"မက်ခြူးလေး ရောက်ပီလား"

ဟျောင်းကကျွန်တော့်ကို အပြုံးလေးနဲ့ကြိုဆိုပါတယ်

ဟယ်သာလဲအပြုံးလေးနဲ့ပဲ

"ဒီနေ့ကိုယ် ပန်းလမ်းတော် သွားဖို့လုပ်ထားတာ ဟယ်သာကလဲ ပန်းတွေလိုက်ကြည့်ချင်တာနဲ့ကိုယ်ဟယ်သာကိုခေါ်လိုက်တယ်ရတယ်မလား"

မရဘူး မရဘူး မရဘူး ဟျောင်းရဲ့

"ရတာပေါ့ဟျောင်း"

"မက်ခြူးနဲ့လဲဟယ်သာရင်းနီးချင်တာမို့ ဟယ်သာတို့အတူသွားကြတာပေါ့ မက်ခြူးရေ"

ချယ်ရီပန်းနဲ့ကောင်လေးWhere stories live. Discover now