part (3)

1K 108 9
                                    

Unicode

''မေမေ့မှာ.... ဆွေမျိုးတွေ.... ရှိကြသေးတယ်မှလား  ဦးအဂ္ဂါ.... အကြောင်းကြားရမှာပေါ့''

''မလိုဘူး...''

ရာစုက ဦးအဂ္ဂါကိုပြောလိုက်တာပေမဲ့ အငြင်းစကားသံခပ်ပြတ်ပြတ်က အဲ့လူဆီကထွက်လာတယ်။
ဦးသတိုးစည်သူဇေယျ....

''ဘာကြောင့်...မလိုတာလဲ.... အကြောင်းအရင်းကိုပြော''

မတတ်နိုင်တော့ဘူး.... သူ့ကိုပဲတိုက်ရိုက် ရာစုမေးလိုက်တော့တယ်။

''မင်းကို.... ငါက...အားလုံးရှင်းပြနေစရာမလိုဘူးထင်တယ်....သည်ရာစုနှစ်''

''ဘာဗျ.... ခင်ဗျားကရော.... ဘာမို့လို့လဲ... အခုမှရောက်လာပြီး.... ဟိုလိုလုပ်....သည်လိုလုပ်နဲ့အမိန့်ပေးနေရအောင်.... ခင်ဗျား....မရှက်ဘူးလား''

''သည်....ရာ....စု...နှစ်....''

မိုးခြိမ်းသံလို အသံနက်နဲ့ အဲ့လူအော်ထည့်လိုက်တာကြောင့် ရာစုလန့်ပြီးနားနှစ်ဖက်ကို လက်နဲ့စုံပိတ်ပစ်လိုက်မိတယ်။ ငိုချင်လာတာလဲတားဆီးမရသလို ဒေါသစိတ်ကြောင့် ရာစုတစ်ကိုယ်လုံးတုန်ရီနေပြီ။

''ရာစု.... စကားကိုကောင်းကောင်းပြောလေကွာ.... မင်း.... ဖေဖေကို''

ဦးအဂ္ဂါက ရာစုအနားကိုရောက်လာပြီး ရာစုကိုဖက်ထားပေးတယ်။ ရာစု ဘယ်လောက်ကြောက်နေတာလဲဆိုတာ ဦးအဂ္ဂါရိပ်မိတယ်။ လူလူချင်းကြောက်တာမျိုးမဟုတ်ဘူး.... ရာစုကြောက်တာက ရာစုကိုစိမ်းကားနေတဲ့လူတစ်ယောက်နဲ့ ရာစုဘဝကိုခရီးဆက်ရတော့မှာမို့။ မေမေမရှိတဲ့ ရာစုဘဝဟာ ကမ်းပါးမဲ့တဲ့မြစ်တစ်စင်းလိုဖြစ်နေမှာ။ စီးဆင်းနေရပေမဲ့ အတိုင်းအဆမဲ့ပြီး အထိန်းအကွပ်ပါမဲ့နေစေသလိုပဲ။

မေမေနဲ့ရာစုတို့နေထိုင်ရာအိမ်ကိုလိုက်လာဖို့လဲ အဲ့လူကငြင်းတယ်။
ဒါကြောင့် အလုပ်ခန်းမှာပဲနေတဲ့ဦးအဂ္ဂါက ရာစုနဲ့အတူလိုက်နေပေးခဲ့ရပြီး အဲ့လူကတော့ Hotelမှာပဲဆက်ပြီးနေမယ်တဲ့။
ဒါကို ရာစုကဘယ်လိုနားလည်ပေးရမှာတဲ့လဲ။
ရာစုကို နှစ်သိမ့်ပေးဖို့ အားပေးစကားပြောဖို့မလိုဘူးလား။
ရာစုဆုံးရှုံးလိုက်ရတာ အစားထိုးမရတဲ့သူတစ်ယောက်လေ။
သူ့အတွက်တော့ မေမေ့နေရာမှာ အစားထိုးစရာလူတွေထပ်ရှိလာနိုင်ပေမဲ့... မဟုတ်သေးဘူး.... ထပ်ရှိနေရင်လဲရှိနေနိုင်တယ်.... ရာစုမှာတော့ တစ်ဦးတည်းသောမိခင်ဆုံးရှုံးသွားခဲ့ရတာလေ။
သူ ရာစုကိုနားလည်မပေးနိုင်ဘူးလား။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now