part (36)

659 55 8
                                    

Update

သည်ရာစုနှစ်ရဲ့အခန်းရှေ့မှာ သတိုးရပ်နေမိတာကြာပြီ။

အဂ္ဂါပြန်သွားပြီးတဲ့နောက် သတိုးကိုစကားပြောချင်လို့ နောက်ကနေလိုက်နေတာသိပေမဲ့ သတိုးစကားပြောနိုင်တဲ့အခြေအနေမရှိတာမို့ လက်ခံပြီးစကားမပြောဖြစ်။

ငိုယိုပြီးအိပ်ယာဝင်သွားသူကိုစိတ်မချတာကြောင့် သတိုးလာကြည့်မိ​တော့ ညနက်နေပြီ။

ဘာတွေဆက်ဖြစ်မယ်မသိရပေမဲ့ ကောင်းတာတွေပဲဖြစ်မယ်လို့တော့မထင်ပါဘူး။ ရန်ပြေငြိမ်းဟာ ကမ္ဘာမြေပေါ်ကိုမှားယွင်းရောက်ရှိလာတဲ့လူတစ်ယောက်။
ရန်ပြေငြိမ်းနဲ့နီးကပ်တဲ့နေရာအထိရောက်မိခဲ့တဲ့သူတွေအဖို့ ကံဆိုးခြင်းသာရနိုင်ပါတယ်။ ရန်ပြေငြိမ်း ကြည်ဖြူသူတွေမဟုတ်တာကြောင့်ပေါ့။ သူ့ရင်သွေးဖြစ်တဲ့ သည်ရာစုနှစ်ကိုရော.... ဘယ်လိုလက်ခံပေးမှာတဲ့လဲ။

သတိုး ခေါင်းကိုတွင်တွင်ခါပစ်မိတယ်။ အသက်နှစ်နှစ်အရွယ်ကလေးငယ်တစ်ယောက်ကို ကားထဲအတင်းဆွဲခေါ်ထည့်သွားခဲ့ပြီး သူကိုယ်တိုင်သတ်မိမလိုအထိဖြစ်ပျက်ခဲ့ဖူးတယ်ဆိုတာကိုကိုယ်တိုင်​ကြုံခဲ့ရတယ်။ သတိုးနဲ့ဖြူ့ကိုအငြိုးကြီးနေရတာကြောင့် သည်ရာစုနှစ်ကိုတောင် ရန်ပြေငြိမ်းက ထည့်မတွက်ခဲ့သေးတာ​လေ။
အခုမှတော့.... ချစ်ပေးနိုင်ပါတော့မလား။
.
.
.

ဟင်း........
သက်ပြင်းဖွဖွနဲ့အတူ ရင်တွင်းကအပူတွေလွင့်ပါသွားရင်ကောင်းမယ်။ သည်ရာစုနှစ်ကို ဘယ်လိုစိတ်ဒဏ်ရာမှထပ်မရစေချင်တော့ဘူး။ သတိုးက သူ့ဖခင်နေရာမှာအမည်ခံဆိုတာသိသွားရင် ထပ်ပြီးခံစားရဦးမှာသေချာတယ်။ ကားဆိုရင်ငယ်ငယ်ကတည်းကသိပ်ကြောက်တတ်ပြီး သူ့အမေရဲ့ကားကိုပဲစီးတတ်တဲ့သူဖြစ်ခဲ့တဲ့အထိပါပဲ။ ကားအတွင်းမှာရှိတဲ့ပစ္စည်းတွေကအစ နေရာမရွှေ့ရဲကြတာကလဲ သည်ရာစုနှစ်ကြောင့်ပါပဲ။ နောက်ပိုင်းမှာ သတိုးက တဖြည်းဖြည်းချင်းသင်ကြားလေ့ကျင့်ပေးဖို့ ဖြူ့ကိုအရင်ဖိအားပေးခဲ့ရတာ။ ဖြူက သူ့သားကိုသနားလို့ အတင်းအကျပ်ဘာမှမလုပ်ချင်တဲ့ကိစ္စတွေထဲမှာ သည်ရာစုနှစ်ရဲ့ကားရွေးချယ်မှုက ရှေ့ဆုံးကပါပဲ။ ဘာမှမယ်မယ်ရရမှတ်မိနေတာမျိုးမရှိဘဲနဲ့ ကားဆိုရင် သူ့အမေရဲ့ကားတစ်စီးကိုပဲ စီးရဲခဲ့တာ။ နောက်ပိုင်း အသက်ကလေးကြီးလာမှ ဖျောင်းဖျပြောဆိုရင်း သူငယ်ချင်းတွေရဲ့ကားကိုတလှည့်စီစီးတတ်ကျင့်ဖြစ်လာခဲ့တာပါ။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now