part (32)

718 37 10
                                    

Unicode

''အချစ်ရနံ့တွေ သင်းပျံ့... ထုံအီနေတုန်းအခိုက်မှာ...အချစ်ငှက်ကလေး ဂစ်တာမှာလာနားတော့လေ... သံယောဇဥ်သီချင်းလေးတွေ ကျူးရင့်လို့ ဆိုခဲ့တယ်... ကိုယ့်ချစ်သူ ဆည်းလည်းလေးလို မြည်သံချိုတဲ့အခါ မွန်းတည့်ချိန်နေလဲ ကိုယ်ပူတယ်မထင်မိခဲ့ပါ... အင်အားမဟာ အချစ်အတွက်... ရူးသွပ်ခြင်းလို့ဆိုချင်ဆို​တော့ကွယ်....
ပန်မဖြစ်တဲ့... အချစ်ရယ် အရိပ်ကလေးတွေ... ရင်ထဲမှာ တစ်စတစ်စစီကြွေ... ငိုတော့မဲ့ မျက်ရည်လည်လာတတ်ပြီ... အချစ်ဆိုတာ..ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလဲ... သူ... ယူခဲ့တယ်...''

သတိုး သီချင်းကိုတိုးတိုးလိုက်ဆိုညည်းရင်း ပြုံးမိတာအခါခါ။
ညက ဆိုးလွန်းသူကမူးပြီး သတိုးကိုသီချင်းဆိုသိပ်ပါလို့ပြောတာကြောင့် သတိုးတကယ်ပဲ သီချင်းဆိုပြီးသိပ်ခဲ့ရတယ်။ အိပ်ပျော်သွားသည်အထိပေါ့။

သတိုးအကြိုက်ဆုံးအဆိုတော်က ခိုင်ထူးပါ။ ခိုင်ထူးသီချင်းတွေကိုပဲအပြန်ပြန်အထပ်ထပ်နားထောင်သူမို့ သတိုးအလွတ်ရတာလဲ ခိုင်ထူးသီချင်းပဲရှိတယ်။ ဘာသီချင်းလဲဆိုတာတောင် သည်ရာစုနှစ်သိမှာမဟုတ်ပေမဲ့ ဒယ်ဒီသီချင်းဆိုတာကောင်းလိုက်တာလို့ မအိပ်ခင်လုပ်သွားသေးတာ။ သီချင်းအသက်က သူ့အထက်ထက်ကြီးနေတာကိုမသိဘဲနဲ့များ။

''ကိုသတိုး....''

''အင်း... အဂ္ဂါ...''

''ကိုသတိုးမှာ စိတ်ချမ်းသာစရာရှိတယ်ထင်ပါရဲ့ အရင်ကဆိုရင် ကိုသတိုးစိတ်ပျော်တဲ့အချိန် သီချင်းနားထောင်ရင်း အလုပ်လုပ်တတ်တာ သတိရမိတယ်''

သတိုးခပ်ဖွဖွပြုံးရင်း အဂ္ဂါကိုထိုင်ဖို့ပြောရတယ်။ သတိုးမျက်နှာမှာ ရင်ထဲကလာတဲ့ကျေနပ်ပျော်ရွှင်ခြင်းကိုဖုံးဖိမရနိုင်တာသေချာတယ်။ သတိုးက တစ်စုံတစ်ယောက်အတွက်အသက်ရှင်​နေခဲ့တာမို့။

''ကိုသတိုးကို ဒီလိုပေါ့ပေါ့ပါးပါးအလုပ်လုပ်နေပုံကိုပဲ ​ကျွန်တော်မြင်ချင်ခဲ့တာ''

''ကိုယ် ဘယ်လိုနေခဲ့မိလို့လဲ''

သတိုး ပြုံးစစနဲ့ပဲ အဖြေသိပြီးသား​မေးခွန်းကို မေးမိတယ်။

နှလုံးသားခင်းသော.....လမ်းWhere stories live. Discover now